မာစီဒီး ကားနဲ့Google တို့ရဲ့ထပ်မံပူးပေါင်းမှု တစ်ခု ဖြစ်ပါတယ်။ Google က ဖြန့်ချိတော့မယ် စမတ်မျက်မှန် ဖြစ်တဲ့Google Glass ကိုတပ် ဆင်ပြီးတော့မာစီဒီးကားကို မောင်းရင် လိုရာ ခရီးအတွက် Guide လုပ်ပေးသွားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

မာစီဒီး ကားမှာ ပါဝင်ပြီသား ဖြစ်တဲ့ကွန်ပြူတာ စနစ်အပေါ်မှာ Google Glass ရဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်စွမ်း Connectivity နဲ့Sync လုပ်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကြားခံ ချိတ်ဆက်ပေးမယ့် App တစ်ခုတော့လိုအပ် ပါတယ်။ ဒါကို မာစီဒီးတို့က ဖန်တီးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့နည်းပညာအပိုင်းကိုလည်း Google- ကထောက်ပံ့ပေးမှာပါ။ အများစုဟာ Google Glasss တပ်ပြီး ကားမောင်းရင် အန္တရာယ် ဖြစ်နိုင်တယ်လို့အငြင်း ပွားနေချိန် မာစီဒီးကတော့App တောင်ထုတ်လုပ်နေပါပြီ။

မာစီဒီးလိုပဲ အလားတူ အခြား မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီများလည်း google glass နဲ့Synchronize လုပ်နိုင်မယ့် App နဲ့ယာဉ် စနစ်ကို ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။


...
Ref:autoblog
Colay.Automobile

0 comments:

Post a Comment

 
Top