Cadillac Escalade ကားကြီးများ မြန်မာပြည်ကိုလည်း ရောက်ပါတယ်။ ဂျပန် လေလံဈေးကွက်က ရောက်ရှိမှု နဲ့အတူ အမေရိကန် ကနေ တိုက်ရိုက် ဝင်ရောက်လာတဲ့ကားတွေလည်း ရှိပါတယ်။

Cadillac Escalade ကားတွေ မြန်မာပြည်မှာ ၂ဝ၁၁ မော်ဒယ်လောက်ကို သိန်း ၃ဝဝဝ ဝန်းကျင် ပေါက်ဈေး ရှိတယ်လို့သတင်းကြားရပါတယ်။ အမေရိကန် General Motors က ထုတ်တဲ့ဇိမ်ခံကား သီးသန့် Brand ဖြစ် တဲ့Cadillac က ထုတ်တဲ့ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၆.၂ လီတာ ရှိပြီး ဆလင်ဒါ ၈ လုံးပူး V အင်ဂျင် ကို အသုံးပြု ထားပါတယ်။ EcoTec3 အမျိုး အစား အင်ဂျင်ကို အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၄၂ဝ ရှိပါတယ်။ ၂ဘီးမောင်း၊ ၄ ဘီးမောင်း ဆိုပြီးတော့နှစ်မျိုးနှစ်စား ခွဲခြား ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

၂ဝ၁၅ မော်ဒယ်မှာ ထူးခြားချက် အနေနဲ့ကတော့အဆင့်မြင့်နည်းပညာ အသုံးပြုမှုပိုမို များပြားလာပြီး ဆီစား ပိုမို သက်သာ လာစေမှု ဖြစ်ပါတယ်။ Sensor အမြောက်အများ ပါဝင် ပါတယ်။ မြို့တွင်း အတွက်ကော၊ ဟိုင်းဝေးလမ်း ခရီးသွားဖို့အတွက်ပါ ရည်ရွယ်ထားတဲ့ဇိမ်ခံကားကြီးပါ။ ၂ဝ၁၅ မော်ဒယ် အတွက် ပြင်ဆင် ထားတဲ့Cadillac Escalade ကို ၂ဝ၁၄ ခုနှစ် နှစ်လယ်မှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။


...
Ref: autoblog
Colay.Automobile

0 comments:

Post a Comment

 
Top