လာမယ့် ၂ဝ၁၄ Need For Speed ရုပ်ရှင်ထဲက မင်းသားများ ထဲမှာ Aaron Paul ပါဝင်ပါတယ်။ ကားမောင်းအက်ရှင်အပြင် ဇာတ်ကောင် အမျိုးမျိုးမှာ ကျရာ သရုပ်ဆောင် ကောင်းတဲ့Aaron Paul ဟာ အလုပ်ရှုပ်သူ တစ်ဦး လည်း ဖြစ်ပါတယ်။

ဇနီးဖြစ်သူတစ်ယောက် သူ့ကို လေဆိပ် လိုက်ပို့ပါတယ်။ ရှူတင်သွားဖို့အတွက် အခြားပြည်နယ် တစ်ခုကို ခရီးသွားရ လို့ပါ။ လက်တလော တီဗီ ရုပ်သံ နဲ့ရုပ်ရှင်ရိုက်ကူးမှု ပွဲဆက်နေတဲ့Aaron Paul တစ်ယောက် ဇနီးသည်ကို သိပ်အချိန်ပေးနိုင်ပုံမရပါဘူး။ လေဆိပ်မှာ ဂျာနယ်လစ်တို့ရှိနေသည့်တိုင် အလွမ်းသည် လို့ကောင်းနေတဲ့သူတို့၂ ဦးကို ယခုလို မြင်တွေ့ရပါတယ်။

ဗြိတိန်ထုတ် Land Rover ဇိမ်ခံ SUV ကားကြီးနဲ့ပါ။ သူတို့မှာ ကမ္ဘာ့ဈေးကြီး Lamborghini Aventador ပြိုင်ကား လည်း ရှိပါသေးတယ်။ လေဆိပ်မှ တစ်ယောက်တည်း ပြန်လာတဲ့Aaron ရဲ့ဇနီးသည် ကိုလည်း ကားထဲမှာ ယခုလို မြင်တွေ့ရပါတယ်။
Ref: celebriycars
Colay.Automobile

0 comments:

Post a Comment

 
Top