Facebook ရဲ့ ဒီဇိုင်း အသစ်နဲ့  Messenger(Android)
==========================================
ဘာတွေ အသစ်ပါလဲ
ဒီဇိုင်း ကတော့ လုံးဝဆန်းသစ်ပြောင်းလဲထားပါတယ်။ iOS 7 အသွင်အပြင်နဲ့ ဆင်တူတာကိုလည်းတွေ့ ရပါတယ်။ Location Toggle လည်း ပါရှိပြီး ပြောင်းလဲမသွားပါဘူး။ Smileys တွေအများကြီးပါရှိလာပါတယ်။ Tab တစ်ခုပါရှိလာပြီး Online ဖြစ်နေတဲ့သူတွေကို ခွဲခြားပြပေးနိုင်သလို Web Browser ကသုံးတာလား Mobile ကသုံးတာလား ဆိုတာ ခွဲခြားဖော်ပြပေးထားပါတယ်။ ဒါ့အပြင် Messenger ကသုံးနေတာလား Facebook ကသုံးနေတာလားဆိုတာလည်းသိနိုင်ပါတယ်။ Tablet တွေမှာလည်း အသုံးပြုနိုင်ပါတယ်။
Download လုပ်မယ်ဆိုရင်တော့ အရင် Messenger ကို Uninstall လုပ်ရပါမယ်။ ပြီးရင် Play Store App က Settings ထဲမှာ Auto-update ကို Disable လုပ်ရပါမယ်။ ပြီးမှ Messenger အသစ်ကို Download လုပ်ပြီး Install လုပ်ပါ။ Messenger အသစ်ရဲ့  Build No. ဟာ  အခုလောလောဆည် Google Play က Build No. ထက် နမ့်နေတာတွေ့ ရပါတယ်။အဲဒီအတွက် Update လုပ်ရင် အရင် ဗားရှင်း အဟောင်း ပြန်ဖြစ်သွားနိုင်ပါတယ်။ စမ်းသုံးကြည့်ချင်ရင်တော့ အောက်ကလင့်ကနေ ဒေါင်းလုပ်  လုပ်ပါ။
http://d-h.st/gHV
0 comments:
Post a Comment
Top