Google မှ Nexus 7 Tablet အလုံးရေ ၁၇၀၀၀ လှူဒါန်း

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး Google က အမေရိကန်၊ နယူးယောက်မြို့ရှိ ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို ဒေါ်လာ ၂.၇သန်းလောက်တန်တဲ့ Nexus 7 Tablet အလုံးရေ ၁၇၀၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီလိုလှူဒါန်းရခြင်းဟာ မုန်တိုင်းဒဏ်ခံခဲ့ရသူ တွေအတွက် တစ်နည်းတစ်ဖုံ အကျိုးရှိစေဖို့ ဖြစ်ပြီး စာကြည့်တိုက်များ၊ သက်ကြီးရွယ်အို စင်တာများနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာပါ။ 

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာအချို့မှာ စာကြည့်တိုက်တွေဟာ မဖွင့်လှစ်နိုင်သေးတာကြောင့် ဒီ Tablet တွေကို E-Reader အဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး သက်ကြီးရွယ်အို စင်တာတွေမှာလည်း အဖိုး၊ အဖွားတွေဟာ ဒီ Tablet တွေကို သုံးပြီး သူတို့ရဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ Video Chat ဆက်သွယ်နိုင်စေဖို့ ဖြစ်ပါတယ်။
“လူတွေက တစ်ဖြည်းဖြည်းနဲ့ နည်းပညာနဲ့ အင်တာနက်ရဲ့ အသုံးဝင်မှုကို ပိုမိုနားလည် လာပါပြီ။ ဒီကနေ ပညာတွေကိုလည်း သူတို့ကိုယ်တိုင် လေ့လာနိုင်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့လည်း အလွယ်တကူဆက်သွယ် နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ ဒီလို လှူဒါန်းရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ဒီ Tablet တွေဟာ လူတွေအကျိုးရှိဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုစေဖို့ပါ” ဟု Google မှ Government Relations Vice President ဖြစ်သူ Susan Molinari က ပြောကြားခဲ့ပါတယ်။

လှူဒါန်းမှုဟာ နယူးယောက်မြို့ကို ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ တစ်နှစ်ပြည့်နေ့ (၂၉ ရက်နေ့) က ကြေညာခဲ့ခြင်း ဖြစ်ပြီး နယူးယောက်ပြည်နယ် ဆက်သွယ်ရေးလှုပ်ရှားမှု အဖွဲ့အစည်းထံသို့ တိုက်ရိုက်ပေးအပ် လှူဒါန်းမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူ Cuomo ကလည်း “နယူးယောက်မြို့ကို မုန်တိုင်းဒဏ် မခံရခင်ကထက် ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ဖို့ ဒီလို လှူဒါန်းတဲ့ Google ကို ကျေးဇူးတင်ပါတယ်။ ဒီလို ပုဂ္ဂလိက လှူဒါန်းမှုတွေဟာ ကျွန်ုပ်တို့ရဲ့ ပြန်လည်တည်ဆောက် ဖွံ့ဖြိုးရေးပိုင်းမှာ များစွာအကျိုးရှိစေမှာပါ” လို့ ပြောကြားခဲ့ပါကြောင်း…

Ref: The Verge

Kangyi ( @[384466751661427:274:Myanmar Consumer Guide] )
 
Kangyi ( Myanmar Consumer Guide )

0 comments:

Post a Comment

Top