Mac OS X Lion ကို တစ်ခြား Apple computer တစ်ခုခုပေါ်မှာ bootable USB ဒါမှမဟုတ် bootable DVD ကို သုံးပြီး install လုပ်ဖူးကြမယ် ထင်ပါတယ်။ Lion disk maker လို application သုံးပြီး USB stick ထဲကို bootable USB installer မျိုးလည်း လုပ်ဖူးကြမှာပါ။
                                Error
အဲဒီလို OS X Lion bootable USB ကနေ boot လုပ်ပြီးတော့ install လုပ်တဲ့အခါမှာ “The additional components needed to install Mac OS X can’t be found” ဆိုတဲ့ error message ပြပြီးတော့ installation ကို ဆက်လုပ်လို့ မရတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ တစ်ကယ်လို့ ကိုယ် install လုပ်နေတဲ့ စက်မှာ Internet connection ရှိနေရင်တော့ အဲဒီ လိုအပ်တဲ့ file တွေကို Internet ကနေ download လုပ်သွားတတ်ပေမယ့် အရမ်းကို ကြာပါတယ်။ အထူးသဖြင့် Internet connection speed နှေးနေရင် စောင့်ပေတော့ပဲ။
ဒါကြောင့် အဲဒီ OS X Lion installer က လိုအပ်တဲ့ additional file တွေကို Mac OS X installer USB stick ထဲကို ဘယ်လို ပေါင်းထည့်ရမယ် ဆိုတဲ့ နည်းလေးကို မျှဝေချင်ပါတယ်။ ဒါဆိုရင် OS X Lion install လုပ်နေရင်း အဲဒီလို error မတက်တော့တဲ့အပြင် Internet connection ရှိနေဖို့လည်း မလိုတော့ပါဘူး။ OS X Lion ကို install လုပ်ဖို့ လိုအပ်တဲ့ file တွေ အားလုံး USB stick ထဲကို သေချာပါသွားဖို့က manually တော့ လုပ်ရပါမယ်။ Lion disk maker လို app နဲ့ လုပ်ရင် သိပ်မသေချာပါဘူး။ အနည်းဆုံး 8GB USB memory stick လိုပါမယ်။
ပထမဆုံး ကိုယ့်ရဲ့ စက်ထဲမှာ Lion installer application လေး ရှိနေရပါမယ်။ Lion ကို upgrade လုပ်ဖို့ အတွက် App store ကနေ download လုပ်ထားတယ် ဆိုရင် ရှိနေမှာပါ။ မရှိရင် ပြန်ပြီး download လုပ်၊ ဒါမှမဟုတ် တစ်နေရာရာကနေ ကူးထား ရပါမယ်။ Lion installer app လေးရပြီဆိုရင် သူ့ကို right click လုပ်ပြီး Show Package Contents ကို ရွေးလိုက်ပါ။ ဒါဆို အဲဒီ Lion installer app ထဲက file တွေ မြင်ရပါလိမ့်မယ်။
                                       LionInstallerProgram_1
Contents -> Shared Support -> InstallESD.dmg ကို နှိပ်လိုက်ရင် InstallESD.dmg ဆိုတဲ့ disk image ကို mount လုပ်ပါလိမ့်မယ်။ အဲဒီ disk image ထဲက BaseSystem.dmg ဆိုတဲ့ installation image ကို mount လုပ်ဖို့လိုပါတယ်။ အလွယ်ဆုံးက terminal ကို ဖွင့်ပြီး…
open /Volumes/Mac\ OS\ X\ Install\ ESD/BaseSystem.dmg
လို့ရိုက်လိုက်ပါ။ ဒါဆိုရင် နောက်ထပ် disk image တစ်ခု ပွင့်လာပါလိမ့်မယ်။ အဲဒီထဲမှာ ကျွန်တော်တို့ လိုချင်တဲ့ Lion installation file တွေ အကုန်ရှိပါတယ်။
ကျွန်တော်တို့ လုပ်ရမှာက အဲဒီ BaseSystem.dmg ကို USB stick ပေါ်ကို restore လုပ်ပေးရမှာပါ။ အဲလိုလုပ်ဖို့ disk utility ကို သုံးရပါမယ်။ ပထမဆုံး 8GB USB stick ကို GUID partition table နဲ့ format လုပ်ပါ။ (ပုံမှကြည့်ပါ)။ Format (erase) လုပ်ပြီးရင် ခုနက mount လုပ်ထားတဲ့ BaseSystem.dmg ကို restore လုပ်ပါ။ Restore လုပ်တဲ့ နမူနာပုံကိုလည်း ပြထားပါတယ်။
               
      3Restore
ခဏစောင့်လိုက်ရင် BaseSystem.dmg ကို USB stick ပေါ်ကို restore လုပ်တာ ပြီးသွားပါလိမ့်မယ်။ အဲဒီ restore လုပ်ထားတဲ့ USB stick ကိုဖွင့်ပါ။ System -> Installation ဆိုတဲ့ folder ကို ဖွင့်လိုက်ပါ။ ဒါဆိုရင် အဲဒီထဲမှာ packages ဆိုတဲ့ shortcut link လေးတွေ့ရပါမယ်။ Shortcut ဖြစ်ကြောင်းကို ထောင့်နားမှာ arrow လေးနဲ့ သိနိုင်ပါတယ်။ အဲဒီ shortcut လေးကို ဖျက်လိုက်ပါ။ ပြီးရင် Packages ဆိုတဲ့ နာမည်နဲ့ folder အသစ်တစ်ခု ဆောက်လိုက်ပါ။ ဆိုလိုတာက ကျွန်တော်တို့က shortcut link မလိုချင်ပါဘူး။ တစ်ကယ်ကို file တွေကို ကူးထည့်ချင်တာပါ။
Terminal ကို ဖွင့်ပီး အောက်မှာ ပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။ (space တွေကို သတိပြုပါ)
open  /Volumes/Mac\ OS\ X\ Install\ ESD/Packages
ဒါဆိုရင် စောစောက ကျွန်တော်တို့ mount လုပ်ထားတဲ့ မူရင်း BaseSystem.dmg ထဲက Packages ဆိုတဲ့ folder ထဲက file တွေ မြင်ရပါလိမ့်မယ်။ အဲဒါတွေ အကုန်လုံးကို ခုနက USB stick ထဲက Packages ဆိုတဲ့ folder အောက်ကို အကုန်ကူးထည့်လိုက်ပါ။
အဲဒါပြီးသွားရင်တော့ Internet connection ရှိစရာ မလိုတဲ့ error မရှိတဲ့ OSX Lion installer ကို ကျွန်တော်တို့ ရပါလိမ့်မယ်။ ဒီနည်းက OS X 10.8 Mountain Lion အတွက်လည်း သုံးလို့ရနိုင်ပါတယ်။
သီဟဦးဆိုဒ်မှကူးယူဖော်ပြပါတယ်

0 comments:

Post a Comment

 
Top