2013 model  MacBook Air တွေမှာ Windows install လုပ်ရင် ကြုံတွေ့ရတဲ့ ကပ်သီးကပ်သပ် ပြဿနာလေးတွေ ရှိနေပါတယ်။ ကျွန်တော် သိထားသလောက် မျှဝေ၊ ပြောပြ ချင်ပါတယ်။ ဒီ post က ရှည်ပေမယ့် မသိသေးသူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

Apple MacBook Air တွေမှာ build-in DVD drive မပါတဲ့အတွက် ကျွန်တော်တို့က Bootcamp သုံးပြီး Windows ထည့်မယ်ဆိုရင် USB external DVD drive ဒါမှမဟုတ် Windows bootable USB memory stick ကို သုံးရပါတယ်။ Mac OS X ထဲမှာ ပါတဲ့ Bootcamp assistant program လေးက Windows DVD ISO ကနေ bootable USB stick ကို လုပ်ပေးနိုင်ပါတယ်။ လိုအပ်တဲ့ driver တွေကိုလည်း download လုပ်ပြီး အဲဒီ USB stick ထဲကို ပေါင်းထည့်ပေးနိုင်ပါတယ်။ Apple ရဲ့ latest 2013 model MacBook Air တွေမှာ Windows 8 လို နောက်ဆုံးပေါ် Windows OS ကို ထည့်ဖို့ ဘာပြဿနာမှ မရှိနိုင်ပေမယ့်၊ Windows 7 ထည့်မယ် ဆိုရင်တော့ သိထားသင့်တာလေးတွေ ရှိပါတယ်။

ပထမဆုံး တစ်ခု MacBook PRO, MacBook Air 2012, 2013 model တွေမှာ Windows ထည့်မယ်ဆိုရင် 32-bit Windows ကို ပုံမှန်အားဖြင့် support မလုပ်တော့ပါဘူး။ 64-bit Windows 7 ဒါမှမဟုတ် Windows 8 ကို ပဲ ထည့်ရပါမယ်။ မရ ရအောင် လုပ်လို့ရတဲ့နည်းတွေ ရှိပေမယ့် အခု ကျွန်တော်ပြောတာက ပုံမှန် အတိုင်းကို ပြောတာပါ။

Mac OS X 10.7 (Lion) နဲ့ Mac OS X 10.8 (Mountain Lion) OS တွေ ၀ယ်တုန်းကထဲက ပါလာတဲ့ Apple MacBook တွေရဲ့ hard disk ထဲမှာ hidden လုပ်ထားတဲ့ recovery partition တစ်ခု ရှိနေပါတယ်။ အဲဒီ recovery partition ကြောင့် ကျွန်တော်တို့က Mac OS X နဲ့ Windows 7 ကို dual boot လုပ်ပြီး သုံးမယ်ဆိုရင် Mac OS X အတွက် တစ်ခု၊ Windows 7 အတွက် တစ်ခု ဆိုပြီး partition (၂)ခုပဲ ခွဲမယ် ဆိုရင် အဆင်ပြေပေမယ့် တစ်ကယ်လို့ data တွေထည့်ဖို့ အတွက် နောက်ထပ် partition တစ်ခု ထပ်ပေါင်းမယ်ဆိုရင် မရပါဘူး။ Partition ၃ ခု ခွဲလို့ ရတယ်ဆိုရင်တောင် Windows တက်လာပြီးရင် တတိယ data partition ကို မတွေ့တာမျိုး ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် အကြံပေးချင်တာက တစ်ကယ်လို့ Mac OS + Windows + Data ဆိုပြီး partition ၃ ခု ခွဲဖို့စဉ်းစားတယ် ဆိုရင် OS X recovery partition ကို ဖျက်ပစ်ဖို့ လိုပါတယ်။ Hidden လုပ်ထားတဲ့ recovery partition ကို ဘယ်လိုဖျက်ရတယ် ဆိုတာကိုတော့ ကျွန်တော်နောက်မှ မျှဝေပါဦးမယ်။ ကျွန်တော်ပြောချင်တာက recovery partition ကို မဖျက်ဘူးဆိုရင် တတိယ data partition နဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး ဆိုတာ သတိထားသင့်ပါတယ်။ Mac OS X + Windows ဆိုပြီး partition ၂ ခု ပဲ ခွဲတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ (ကျွန်တော်ကတော့ ကိုယ့်ရဲ့ data တွေကို Windows OS နဲ့ ရောမနေအောင် data partition လုပ်ထားရတာ ပိုသဘောကျပါတယ်)။


အထူးသတိထားသင့်တာက Bootcamp ကို သုံးပြီး Windows တင်ပြီးတော့မှ Windows ထဲကနေ တစ်ခြား partition ခွဲတဲ့ utility ကို သုံးပြီး လုံးဝ partition သွားမခွဲဖို့ပါပဲ။ Windows ထဲကနေ ရှိပြီးသား partition တွေကို size ပြင်တာ၊ အသစ်ထည့်တာ၊ ဖျက်တာ တစ်ခုခု လုပ်လိုက်တာနဲ့ ရှိသမျှ OS တွေ အကုန်မတက်တော့ပဲ ဖြစ်သွားနိုင်ပါတယ်။ အဆိုးဆုံး အခြေအနေမှာ Mac OS X တောင် မတက်ပဲ ဖြစ်သွားနိုင်ပါတယ်။ ဒါကို သတိထားသင့်ပါတယ်။

MacBook Air 2013 model တွေရဲ့ Mac OS X ထဲကနေ Bootcamp Assistant program ကို သုံးပြီး Windows တင်ဖို့အတွက် ပြင်ဆင်မယ် ဆိုရင် Bootable Windows installer USB လုပ်ဖို့ရယ်၊ လိုအပ်တဲ့ driver တွေ ကို download လုပ်ပြီး ပေါင်းထည့်ပေးဖို့ရယ်၊ ပြီးတော့မှ Windows ကို install လုပ်ဖို့ ဆိုပြီး အဆင့် သုံးခုရှိပါတယ်။

အဲဒီမှာ နောက်ထပ် သတိထားရမယ့် ပြဿနာတစ်ခု ရှိနေပါတယ်။ Windows 7 နဲ့ MacBook Air 2013 model တွေ အတွက်ပါ။ MacBook Air 2011, 2012 မှာ ဒီပြဿနာ မရှိပါဘူး။ Windows 8 မှာလည်း ဒီပြဿနာ မရှိပါဘူး။ ဘာလည်း ဆိုတော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့က Bootcamp Assistant program ကို သုံးပြီး Windows 7 bootable USB stick ကိုလည်း create လုပ်တယ်၊ လိုအပ်တဲ့ Windows support drivers တွေကိုလည်း အဲဒီ USB stick ထဲကို ပေါင်းထည့်ထားတယ် ဆိုပါတော့။

ဒါပေမယ့် များသောအားဖြင့် ကျွန်တော်တို့က partition ကို ကိုယ့်ဘာသာ စိတ်ကြိုက်ခွဲချင်တာ ဆိုတော့ Bootcamp Assistant program ကို မသုံးပဲ Disk Utility program ကို သုံးပြီး partition ခွဲတတ်ကြပါတယ်။ ပြီးတော့မှ ခုနက လုပ်ထားတဲ့ Windows 7 bootable USB stick ကနေ Windows installer ကို ကိုယ့်ဘာသာ “Option” key နှိပ်ပြီး boot တင်ပြီး install လုပ်ဖို့ ကြိုးစားတတ်ကြ ပါတယ်။ အထူးသဖြင့် ကျွန်တော့လို data partition တစ်ခု ထပ်ပေါင်းချင်ရင် အဲလိုလုပ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ပုံမှန်အားဖြင့်ဆိုရင် Bootcamp assistant က Mac OS X ရှိနေတဲ့ hard disk ထဲမှာ နောက်ထပ် Windows ထည့်ဖို့ partition တစ်ခုပဲ ထပ် ခွဲခွင့်ပေးပါတယ်။ တစ်ခုထက်ပိုခွဲချင်ရင် Disk Utility ကိုသုံးရပါတယ်။ ကျွန်တော်ပြောချင်တာက Bootcamp Assistant ကနေ Windows 7 ကို install လုပ်ဖို့ အစပြုတာမဟုတ်ပဲ ကိုယ့်ဘာသာ ကွန်ပျူတာကို ပြန် restart လုပ်ပြီး boot တင်တာကို ဆိုလိုတာပါ။ အဲလိုလုပ်တယ် ဆိုရင် Windows 7 installer တက်သွားပေမယ့် အဲဒီ installer ထဲကိုရောက်တဲ့အခါ keyboard, mouse, touchpad ဘာတစ်ခုမှ အလုပ်မလုပ်ပဲ ဖြစ်နေပါလိမ့်မယ်။ ဘာမှနှိပ်လို့ မရတော့ Windows 7 installer ကို ဆက်လုပ်လို့ မရတော့ဘူးပေါ့။ ပြင်ပက external keyboard/mouse လည်း မရပါဘူး။ ဘာကြောင့်လည်းဆိုရင် Windows 7 မှာ MacBook Air 2013 model တွေရဲ့ USB 3.0 controller chip အတွက် driver အဆင်မပြေလို့ ဖြစ်ပါတယ်။ Windows 8 မှာ အဆင်ပြေပါတယ်။

ဒါဆို ဘယ်လိုလုပ်ရမလည်း ဆိုရင် ဖြစ်နိုင်ရင် Windows 7 တင်တဲ့အခါ Bootcamp Assistant ကနေပဲ Windows installer ကို အစပြုပါ။ ဆိုလိုတာက Bootcamp Assistant ရဲ့ third option ကိုသုံးပြီး installer ကို ပြန်စခိုင်းမယ်ဆိုရင် Bootcamp က နောက်ကွယ်ကနေ driver တွေအတွက် တစ်ခုခု လုပ်ပေးလိုက်တယ် ထင်ပါတယ်။ အဲလိုလုပ်ရင် Windows 7 installer မှာ keyboard, mouse, touchpad ပြဿနာ ဘာမှမရှိပဲ အလုပ်လုပ်ပါတယ်။ ကိုယ့်ဘာသာ option key နဲ့ boot လုပ်မယ် ဆိုရင် ရမှာမဟုတ်ပါဘူး။ ဒါကို သတိထားစေချင်ပါတယ်။

နဲနဲရှုပ်သွားမယ် ဆိုရင် ကျွန်တော်ပြောချင်တာက MacBook Air 2013 မှာ Windows 7 ထည့်မယ်ဆိုရင် Bootcamp Assistant ကနေပဲ အဆင့်ဆင့် သတ်မှတ်ထားတဲ့အတိုင်း လုပ်သွားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှသာ လိုအပ်တဲ့ drivers တွေနဲ့ အဆင်ပြေမှာဖြစ်ပါတယ်။ Windows 8 မှာ ဒီပြဿနာ မရှိပါဘူး။ တစ်ကယ်လို့ Windows 7 လည်း ထည့်ချင်တယ် partition ကိုလည်း ၃ ခုပဲ ခွဲချင်တယ် ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော် သီးသန့် post တစ်ခုနဲ့ ပြောပြပါမယ်။

Summary ချုပ်ပြီး ပြောရမယ်ဆိုရင် ကျွန်တော် မျှဝေချင်တာက MacBook တွေမှာ partition ၃ ခု သုံးချင်တယ် ဆိုရင် recovery partition ကို ဖယ်လိုက်မှ အဆင်ပြေနိုင်ပါတယ်။ နောက်တစ်ခုက 2013 MacBook Air မှာ Win7 ထည့်မယ်ဆိုရင် Windows installer ကို Bootcamp Assistant ကနေပဲ အစပြုပါ။ ကိုယ့်ဘာသာ manual boot လုပ်ရင် အဆင်မပြေပါဘူး ဆိုတာပါပဲ။

Intel ရဲ့နောက်ဆုံးပေါ် 4th Generation (Haswell) chip တွေပါတဲ့ MacBook Air 2013 ပိုင်ရှင်များ သိထားသင့်တယ် ထင်လို့ မျှဝေလိုက်တာပါ။

သီဟဦးဆိုဒ်မှကူးယူဖော်ပြပါတယ်

0 comments:

Post a Comment

 
Top