Samsung Galaxy Gear စမတ်လက်ပတ်နာရီမှာ လက်ရှိတွင် တစ်ပြိုင်နက်မိတ်ဆက်ထွက်ပေါ်လာသော Samsung Glaxy Note 3 စမတ်ဖုန်းနှင့်သာ ချိတ်ဆက်အသုံးပြုနိုင်ပြီး မကြာမီကာတွင် Samsung Galaxy S4, Galaxy Note 2, Galaxy Mega စီးရီးများနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း Samsung ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။
" Galaxy Gear လက်ပတ်နာရီက လက်ရှိမှာ Note 3 နဲ့ ချိတ်ဆက်သုံးနိုင်ဦးမှာဖြစ်ပြီး မကြာခင်မှာ S4, Note 2 နဲ့ Mega စီးရီးတွေမှာ အသုံးပြုနိုင်အောင် Firmware အသစ်ေ၇းနေတာရှိပါတယ်။ အဲဒီ ဖုန်းတွေမှာရဖို့ တစ်လလောက်ကြာနိုင်ပြီး အချိန်အတိအကျ မသိပြောနိုင်သေးပါဘူး။ Note 3 မှာ အသုံးပြုထားတဲ့ ဗားရှင်းအတိုင်း အဲဒီဖုန်းတွေမှာ ပြောင်းလဲအသုံးပြုရမှာပါ။ Galaxy Gear လက်ပတ်နာရီကိုလည်း နောက်တစ်ပတ်အတွင်း ပစ္စည်းရောက်ဖို့ ကြိုးပမ်းနေပါတယ်" ဟု Samsung မှ ကိုဇော်ကိုကိုထွန်းက စက်တင်ဘာ ၂၈ တွင်ပြောကြားသည်။
Glaxy Gear စမတ်လက်ပတ်နာရီကို ဖုန်းနှင့်ချိတ်ဆက်၍ ဖုန်းလက်ခံပြောဆိုခြင်း၊ မက်ဆေ့ခ်ျ ဖတ်ရှုခြင်းများ ပြုလုပ်နိုင်ပြီး ဓါတ်ပုံလည်း ရိုက်ကူးနိုင်ကြောင်းသိရသည်။ ထို့ပြင် အရေးပေါ် အခြေအနေတွင် လက်ပတ်နာရီဒ ပါဝါခလုတ်အား သုံးကြိမ်ဆက်တိုက်ဖိလျှင် သုံးစွဲသူ၏ ရောက်ရှိနေသောနေရာအား မိတ်ဆွေများထံသို့ စာတို ပေးပို့သေးစနစ်လည်း ပါဝင်ကြောင်းသိရသည်။ Galaxy Note 3 မှာ ကျပ် ခုနစ်သိန်းကျော်ဖြစ်ပြီး Galaxy Gear လက်ပတ်နာရီမှာ ကျပ် နှစ်သိန်းကျော် ဖြစ်သည်။

Weekly Eleven

0 comments:

Post a Comment

 
Top