Mazda RX8 ကိုအစားထိုးတော့မယ့် Concept ဖြစ်ပါတယ်။ ဂျပန် Mazda မှ အင်ဂျင်နေယာနဲ့ဒီဇိုင်းအဖွဲ့သားတို့ရဲ့ဖန်တီးချက် ဖြစ်ပါတယ်။

ရှေ့အင်ဂျင်၊ နောက်ဘီးမောင်းစနစ်- RENESIS rotary ၁၆ လုံးပူး X အင်ဂျင် ဖြစ်ပြီး ယခင် RX 8 က 13B ကို အစားထိုးမှာ ဖြစ်ပါတယ်။ Taiki ရဲ့မူရင်း အနက်က ပတ်ဝန်းကျင် (Atmosphere) ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိမယ့် ကားလို့ဆိုလိုခြင်း ဖြစ် ပါတယ်။ တံခါး၂ ပေါက် ၂ ယောက်စီး စူပါကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၁၆ဝဝ စီစီ Wankel engine ကို အသုံးပြုထားပြီး ဟိုင်းဘရစ်ဗားရှင်း ဖြစ် မယ်လို့ဆိုပါတယ်။

အပြင်ဘက် ဒီဇိုင်းကတော့ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ လေခွင်းတောင်ပံ အမြောက်အများပါဝင်တာကို မြင်တွေ့ရပါတယ်။ တံခါးပေါက်က အပေါ်ပင့်ဖွင့်တဲ့ငှက်တောင်ပံ လို ဖြစ်ပြီး အတွင်းဘက်မှာ ပြင်ဆင်မှုက လည်း တော်တော်လေး ခေတ်ရှေ့ပြေးနေပါတယ်။ ပုံမှန် မြင်နေရကြ အတွင်း ခန်း ထက် စက်ရုပ်ကား ဆန်နေပါတယ်။ Mazda ရဲ့Concept ကား အဖြစ် ပြပွဲတွေမှာ ပြသထားပြီး မကြာမီ နှစ်များအတွင်း ထုတ်လုပ်ဖြန့်ချီတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

...
Ref: Mazdablog
Colay.Automobile

0 comments:

Post a Comment

 
Top