iOS 7 Jailbreak အတွက် ကြိုးစားလုပ်ဆောင်နေဆဲပါလို့ နာမည်ကြီး Jailbreak အဖွဲ့ Evad3rs ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Nikias Bassen (@pimskeks) က Twitter မှာ ပြောကြားခဲ့ပါတယ်။ iOS 6 Jailbreak ကိုလဲ Evad3rs အဖွဲ့ကပဲ လုပ်ဆောင်ခဲ့တာပါ။
Evad3rs အဖွဲ့က iOS 7 Jailbreak ရရှိဖို့အတွက် ကြိုးပမ်းနေပြီဖြစ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့ ပြောကြားထားပါတယ်။ စက်တင်ဘာလမှာ ထွက်ခဲ့တဲ့ iOS 7 ဟာ အခု ၂ လလောက် ကြာတဲ့ထိ Jailbreak မထွက်သေးတာပါ။ ယခင် iOS 6 တုံးကလဲ Jailbreak ထွက်ဖို့ လ အနည်းငယ် ကြာခဲ့ပါတယ်။ ယခင် iOS 4, 5 တွေမှာ Jailbreak ထွက်တာ မြန်ခဲ့ပေမယ့် iOS 5 နောက်ပိုင်းမှာတော့ Apple ရဲ့ security မြင့်လာတာနဲ့အတူ Jailbreak တစ်ခုရရှိဖို့ အချိန်ပို ကြာလာခဲ့ပါတယ်။ အခု iOS 7 က ထွက်ရှိသမျှ iOS တွေထဲမှာ ပြောင်းလဲမှု အများဆုံးဖြစ်တဲ့အတွက် Jailbreak ထွက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ခန့်မှန်းဖို့ ခက်နေပါတယ်။
အခု iOS 7 ထွက်ပြီးထဲက Minor Update တွေဖြစ်တဲ့ 7.0.1, 7.0.2 နဲ့ နောက်ဆုံး 7.0.3 တွေအထိ Evad3rs အဖွဲ့ develop လုပ်နေတဲ့ Jailbreak က အကြုံးဝင်ပါသေးတယ်လို့ နာမည်ကြီး iOS Hacker တစ်ဦးဖြစ်တဲ့ MuscleNerd က ဆိုထားပါတယ်။
Apple ကလဲ နောက်ထပ် 7.0.4 minor update ထပ်ထုတ်မယ်လို့ ခန့်မှန်းရပြီး 7.1 ကိုလဲ စတင် စမ်းသပ်နေပြီလို့ သတင်းရရှိထားပါတယ်။ အခုချိန် အကြံပေးချင်တာကတော့ Jailbreak စောင့်နေသူများအနေနဲ့ 7.1 update ထွက်ခဲ့ရင် update မလုပ်ကြပါနဲ့။ Jailbreak support လုပ်ဖို့ အခုချိန်မှာ 7.0.3 ထိပဲ သေချာသေးတဲ့အတွက် 7.1 တင်ပြီးရင် ပြန်ချလို့ မရတော့တဲ့အတွက်ပါ။
Jailbreak နဲ့ ပတ်သတ်တဲ့သတင်းတွေကို Apple4MM မှာ Up to date ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ
0 comments:
Post a Comment