ပုံမှန်အားဖြင့် playstore က application တွေကို ကွန်ပျူတာထဲကိုတိုက်ရိုက်ဒေါင်းလုဒ် လုပ်လို့မရပါဘူး ။ ဖုန်းထဲသို့ သာ တိုက်ရိုက် install လုပ်ခွင့်ပေးပါတယ် ။ အခုပြောပြမဲ့ နည်းလမ်းကတော့ PlayStore မှ မိမိဒေါင်းလုဒ် လုပ်လိုတဲ့ application apk file ကို Google Chrome Browser နဲ့တွဲဖက်ပီး ကွန်ပျူတာထဲသို့ တိုက်ရိုက် ဒေါင်းလုဒ် လုပ်တဲ့နည်းလေး ဖြစ်ပါတယ် ။

ဒါကိုအသုံးပြုဖို့အတွက် Chrome Browser V17 နဲ့အထက် လိုအပ်ပါတယ် ။ စမ်းသပ်ချက်တွေအရ ဗားရှင်း ၂၁ မှာအလုပ်မလုပ်ဘူးလို့ သိရပါတယ် ။ ကဲ ဒေါင်းကြမယ်ဟေ့ကောင်းကောင်း ။


မြန်မာပြည်မှညီအကိုများ ဒီအဆင့်ကနေစပေးပါ ။ တခြားနိုင်ငံမှာနေသော သူများ ကွင်းစကွင်းပိတ်ခံထားသော ဒီအဆင့်ကိုကျော်ပေးပီး Step-1 ဆိုတဲ့နေရာမှ စပီးလုပ်နိုင်ပါတယ် ။

((( ပထမဦးစွာ ဒီလင့်ကနေ ultrasurf ကို ဒေါင်းပီး run ပေးပါ ။
http://www.filehippo.com/download_ultrasurf/

 Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ။
proxy မလိုတဲ့ connection သုံးသူများကတော့ ultrasurf windowမှာ successfully connected to server ဆိုပြီးပြတဲ့အထိစောင့်ပါ။ပေါ်လာရင်ရပါပြီ။

proxy လိုတဲ့ connection သုံးသူများကတော့ ultrasurf windowမှာ Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ။

ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ။အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ၃ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ။

ပီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ။ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ။ပီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ ။)))) ( credit to Nyo Lynn Htet )


ဒီအဆင့်ပီးရင် အောက်ကအဆင့်တွေကိုဆက်သွားလို့ရပါပီ ။


Step-1 မိမိ ကွန်ပျူတာမှ ခရုမ်းဘရောက်ဇာကိုဖွင့်လိုက်ပီးအောက်ကပေးထားတဲ့ လင့်ကို ဒေါင်းလိုက်ပါ။  APK Downloader 1.2.1

https://www.dropbox.com/s/pif61fq3lojox3e/1.2.1.crx

ဒါဆို အင်စတောလုပ်ပါဆိုပီးပေါ်လာပါမယ် ။ အဲဒါဆိုအင်စတောလုပ်ခြင်းပီးပါပီ ။


ဒီအဆင့်ကအရေးကြီးပါတယ် ။ ဒီအဆင့်မှားရင် လုံးဝအလုပ်မလုပ်ပါဘူး ။

Step-2 SSL error warnings ကို Disable လုပ်ရပါမယ်။
ပထမဦးစွာ  Chrome shortcut ကို Right click ထောက်ပီး “Properties”
ကိုနှိပ်လိုက်ပါ ။



ထို့နောက် Shortcut ဆိုတဲ့ Tab ကိုသွားပီး Target ဆိုတဲ့ box ထဲကိုသွားလိုက်ပါ ။
ထို့နောက် ထို box ထဲမှာ chrome.exe ရဲ့နောက်မှာ အောက်ပါစာကြောင်းလေးကို
ရေးထည့်ပေးပါ ။
[space]--ignore-certificate-errors[space]--allow-running-insecure-content
space ဆိုတာ စပေ့ဘားရိုက်ပါလို့ပြောတာပါ space ဆိုတဲ့စာလုံးထည့်ခိုင်းတာမဟုတ်ပါဘူး ။

ထိုသို့ထည့်လိုက်ပီးပါက အောက်မှာပြထားတဲ့အတိုင်းလေးဖြစ်နေပါမယ် ။

" " ပါတာနဲ့ မပါတာနဲ့ ကိုသေချာသတိထားပေးပါ စပေ့ဘားချရမဲ့နေရာကိုလဲသတိထားပေးပါ

SHORTCUT တခုနဲ့တခုကမတူပါဘူး ဒါကြောင့် " " လေးကိုသတိထားကြည့်ပေးပါ ။


C:\…\chrome.exe --ignore-certificate-errors --allow-running-insecure-content

သို့မဟုတ်

“C:\…\chrome.exe” --ignore-certificate-errors --allow-running-insecure-content

အဲလိုပြင်ပီး OK ကိုနှိပ်လိုက်ပါ ။

step-2.5 proxy ကိုကျော်မှသုံးလို့  ရမှာမို့ လို့  ultrasurf (or) free proxy software ကို install လုပ်ပါ။
http://ultrasurf.en.softonic.com/ မှာ down ပါနော် ။
down ပြီးလျှင် install လုပ် ပါ။

Step-3 အဲလိုပြင်ပီးတာနဲ့ Google Chrome ကိုဖွင့်လိုက်တဲ့အခါ APK Downloader Options page
ပေါ်လာမှာဖြစ်ပီး ။ googleplay ကိုဝင်မဲ့ Email Address , Password , Device ID ကိုရိုက်ထည့်ပေးရပါမယ် ။ မိမိ င်္Device ID ကိုမသိရင် အောက်ကပေးထားတဲ့ appေ လးကို ဖုန်းထဲ ကို အင်စတောလုပ်ပီးကြည့်နိုင်ပါတယ် ။

https://www.dropbox.com/s/5dgvpu7dct89v7h/com.redphx.deviceid-1.apk

ဖြည့်စရာရှိတာတွေအကုန်ဖြည့်ပီးရင် Login လုပ်လိုက်ပါ ။ ဒါဆိုရင် apk downloader ကိုစတင်အသုံးပြုနိုင်ပီဖြစ်ပါတယ် ။

အသုံးပြုဖို့အတွက် ပထမဦးစွာ Playstore ကိုဖွင့်လိုက်ပါ ။ ပြီးလျှင် မိမိဒေါင်းလုဒ် လုပ်ချင်သော application ဆီကို ရောက်အောင်သွား လိုက်ပါ ။ ထိုအခါ Chrome ရဲ့ adress bar ကကြယ်ပွင့် လေးနား မှာ စက်ရုပ်ခေါင်းပုံ အစိမ်းရောင်လေးပေါ်လာပါလိမ့်မယ်။ အဲဒါကိုနှိပ်လိုက်ပါက ကွန်ပျူတာထဲသို့ အော်တို တန်းဒေါင်းသွား မှာဖြစ်ပါတယ် ။

0 comments:

Post a Comment

 
Top