Latest

00:39 AM IOS 7.1 DOWNLOAD

Pete Cashmore လို့အမည်ရတဲ့ လူငယ်လေးက အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်ကပါ။ စကော့တလန်မှာ နေထိုင်ပြီး Mashable လို့မည်ရတဲ့ Blog ကို စတင်ဖန်တီးပါတယ်။

တစ်ယောက်တည်း ရေးရင်းကနေ၊ မိတ်ဆွေ သူငယ်ချင်းများကို ဖိတ်ခေါ် ရေးသားလာရာမှ နယ်ပယ်စုံ၊ သတင်းစုံတဲ့ Blog တစ်ခုဖြစ်လာပြီး အောင်မြင်လာပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ် အရောက်မှာတော့ Time မဂ္ဂဇင်းက ဖော်ပြတဲ့ ကမ္ဘာ့ အကောင်းဆုံး Blog ၂၅ ခုနှစ်စာရင်းထဲမှာ ထိပ်တန်း ပါဝင်လာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ လမ်းညွန်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဆိုရှယ်မီဒီယာ သတင်း၊ မိုဘိုင်း ဖျော်ဖြေရေး၊ အွန်လိုင်း ဗီဒီယို၊ စီးပွားရေး၊ Web Development, နည်းပညာ၊ ရုပ်ပြောင် memes, Gadgets ပစ္စည်း အပြင် နိုင်ငံရေး အထိ စုံလင်စွာ ဖော်ပြတဲ့ Blog ကောင်းတစ်ခု ဖြစ်ခဲ့ပြီး ယနေ့မှာ ကြည့်ရှုသူ တစ်လကို သန်း ၅၀ ကျော် ရှိပါတယ်။


Twiter နဲ့ Facebook မှာလည်း ပရိတ်သတ်ပေါင်း သိန်းသန်းမက ရှိနေပြီး ကမ္ဘာ့လူကြီးအများဆုံး Blog စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ တည်ထောင်သူက Pete Cashmore ဖြစ်ပြီး Lance Ulanoff နဲ့ Adam Ostrow ကိုလည်း အယ်ဒီတာနဲ့ ဗျူဟာ အရာရှိအဖြစ် ခန့်အပ်လို့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ ဝန်ထမ်းပေါင်း ၈၀ ကျော် ရှိပါတယ်။ ဗြိတိန်- အမေရိကန် သတင်းဝဘ်ဆိုဒ် တစ်ခု ဖြစ်လာပြီးတည်ထောင်သူ Pete Cashmore ဟာလည်း Fobes က ဖော်ပြတဲ့ အသက် ၃၀ အောက် Web Celebs ၃၀ စာရင်းထဲမှာလည်း ပါဝင် လာပါတယ်။ CNN မှာ အပတ်စဉ် နည်းပညာနဲ့ ဆိုရှယ်မီဒီယာ ဆောင်းပါး ရှင် တစ်ဦး ဖြစ်လာပြီး Mashable မှာ လုပ်ကိုင်နေသူများလည်း အောင်မြင်တဲ့ စာရေးဆရာတွေ ဖြစ်ကုန် ပါတယ်။

ဝင်ငွေကောင်းပြီး အောင်မြင်နေတဲ့ www.mashable.com ဟာ ကမ္ဘာအရပ်ရပ်မှ Blog ဖန်တီးသူများအတွက် အတုယူစရာ ဝဘ်ဆိုဒ် တစ်ခု ဖြစ်သလို Pete Casmore ကလည်း စံနမူနာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ ပါတယ်။

.
အောင်ခမ်း (TSJ team)
.
19 Sep 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top