ထောင်ပေါင်းများစွာသော iPhone ချစ်သူများသည် ယနေ့တွင် ဆစ်ဒနီ ၊ နူးယောက်ခ် ၊ ဘေဂျင်း၊ တိုကယိုနှင့် ဆန်ဖရန်စစ္စကို စသည့် မြို့ကြီးများအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ Apple အရောင်းဆိုင်များ၌ နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းပြီးနောက် မိမိတို့ အလိုရှိရာ မျိုးဆက်သစ် iPhone များအား လက်ဝယ်ပိုင်ဆိုင် ရရှိခဲ့ကြပြီဖြစ်သည်။
Apple အနေဖြင့် iPhone ၂ မျိုးအား ပထမဆုံးအကြိမ်အဖြစ် တစ်ပြိုင်နက် ရောင်းချခဲ့ခြင်းလည်း ဖြစ်ပြီး ရွှေရောင် iPhone 5s မှာ အရောင်းသွက်ဆုံးဖြစ်ပြီး ပထမဆုံးနေ့တွင်ပင် ကုန်ပစ္စည်း ပြတ်လပ်သွားခဲ့ပြီဖြစ်သည်။ Apple အနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်၏ ရောင်းအားကိုလည်း အထူးမျှော်လင့်ထားကြောင်း သိရှိရသည်။
ဈေးကွက်လေ့လာသူများ၏ အဆိုအရ iPhone 5s အနေဖြင့် ယမန်နှစ် ထုတ်လုပ်ခဲ့သည့် iPhone 5 ထက် ဝယ်လိုမှုအား ပိုမိုများပြားဖွယ် ရှိနေကြောင်း သိရှိရသည်။ သို့သော်လည်း iPhone 5s အား iPhone 5 ကဲ့သို့ အွန်လိုင်းမှ ကြိုတင်မှာယူ၍ မရရှိခဲ့သဖြင့် ဝယ်လိုမှုအား ပမာဏအား အတိအကျ နှိုင်းယှဉ်၍ မရသေးသဖြင့် Apple ၏ စတော့ခ်ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းခဲ့ရသည်။ ISI အဖွဲ့၏ ခန့်မှန်းချက်အရမူ Apple အနေဖြင့် ပထမ ၃ ရက်အတွင်း iPhone အလုံးရေ ၆ သန်းခန့် ရောင်းချရမည်ဟု သိရှိရသည်။
ဈေးကွက်စစ်တမ်းများအရ ဝယ်ယူသူများအနေဖြင့် iPhone 5s ကိုသာ အထူးစိတ်ဝင်စားပြီး စုစုပေါင်း ဝယ်ယူသူ အရေအတွက်၏ ၉၅ ရာခိုင်နှုန်းရှိကြောင်း ပလတ်စတစ် iPhone 5c ကို ဝယ်ယူသူပမာဏမှာ ၅ ရာခိုင်နှုန်းသာရှိကြောင်း သိရှိရသည်။
credit myanmar consumer guide

0 comments:

Post a Comment

 
Top