တန်ဖိုး $200 ကနေ $300 ကြားမှာရှိတဲ့ Headphone တစ်ခုကို
ရှာနေမယ်ဆိုရင်တော့ KEF M500 Headphone ဟာ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ KEF company
ဟာ British hi-fi speaker တွေကိုထုတ်လုပ်နေတဲ့ company ဖြစ်ပါတယ်။ KEF M500
headphone တွေဟာ တစ်နေကုန်လုံး နားမှာ တပ်ထားရင်တောင် သက်တောင့်သက်သာ
ဖြစ်စေမယ့်လို့ KEF မှ အာမခံထားပါတယ်။ Design ပိုင်းမှာလည်း အခြားသော နာမည်ကြီး
on-ear headphones တွေအတိုင်း Smart ကျတဲ့ အသွင်ကို ဖော်ပြနိုင်ပါတယ်။ ကိုင်းနဲ့ အတွင်းသားတွေကို
သားရေ အစစ်ဖြင့်ပြုလုပ်ထားတဲ့အတွက် အထိအတွေ့မှာ နူးညံ့တဲ့အပြင် အသံစနစ်ကိုလည်း
အကောင်းဆုံး ထည့်သွင်းပေးထားပါတယ်။ KEF မှာ ၀န်ခံထားတာတစ်ခုကတော့ ဒီ headphone ဟာ Android OS
phone အားလုံးမှာ အသုံးပြုလို့ရမှာတော့မဟုတ်ပါဘူး။ M500 headphone ရဲ့
အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
·
Price: $300
·
Drivers: 40mm
·
Frequency Response: 20Hz~20kHz
·
Sensitivity: 103 dB±4dB (IEC-318 at 1KHz)
·
Weight: 7.3 ounces
0 comments:
Post a Comment