ခပ်ကြီးကြီး ဖုန်းမှ ကိုင်ချင်တဲ့ သူတွေ အတွက် Samsung ရဲ့ Galaxy Mega ကိုညွှန်းပါရစေ။ ထွက်ခဲ့သမျှ smartphone ထဲ မှာ အကြီးဆုံး ဖြစ်လိမ့်မယ်လို့ ယူဆရပြီး မျက်နှာပြင် ၆.၃လက်မ ရှိပါတယ်။
အခုတလော Smartphones တွေဟာ တစ်စထက် တစ်စ ကြီးလာလို့ ဝေဖန်ခံ နေရပါတယ်။ Apple ကုမ္ပဏီက iPhone တွေဆိုရင် တော်တော် ဝေဖန်ခံ ရတာပါ။ တချို့ဆိုရင် နောက်နှစ်ပေါင်း များစွာနေမှ ထွက်လာမယ့် iPhone 20 ဆိုရင် ရှည်လွန်းလို့ ဓားလို ကိုင်နေရ မလားဆိုပြီး လှောင်ပြောင် ကြပါတယ်။ ဝေဖန်ခံ ရတဲ့အထဲမှာ Samsung SmartPhone တွေလည်း မလွတ် ခဲ့ပါဘူး။ iPhone တွေဟာ တဖြည်းဖြည်း ရှည်လာပြီး Samsung Galaxy ဖုန်းတွေ ကတော့ ဗြက်ကြီး ကြီးလွန်း လာလို့ Samsung Galaxy 20 ရောက်ရင် ဒိုင်းအနေ နဲ့တောင် ကိုင် နိုင်မယ့် ပုံစံမျိုး လှောင်ထား ကြပါ သေးတယ်။

Galaxy Mega

Galaxy Mega

Samsung Smartphone တွေဟာ ပုံမှန် Smartphone တွေရဲ့ အရွယ်အစား ကန့်သတ်မှု ကနေ ခွဲထွက်တဲ့ ပုံစံကို ယူထား ပါတယ်။ ကြီးမား တဲ့ ပုံစံနဲ့ Galaxy Note, နောက် Galaxy Note II, အခု အခါတော့ အဲထက် အရွယ်ကြီးတဲ့ Galaxy Mega ပေါ်လာပါပြီ။ နေအဖွဲ့ အစည်းက ဂြိုလ်ထဲမှာ Jupiter ဂြိုလ်က အကြီးဆုံး ဖြစ်သလို Andriod OS သုံးတဲ့ဖုန်း တွေထဲမှာ ၆.၃ လက်မ မျက်နှာပြင် ရှိတဲ့ဒီ Samsung Galaxy Mega ဟာ အကြီးဆုံး ဖြစ်ပါတယ်။ အရွယ်ကြီး တဲ့အတွက် အ၀တ်အစား ကြပ်ကြပ်နဲ့ ရှိုးထုတ် ချင်တဲ့ အစ်ကို၊ အစ်မတွေ အတွက် အဆင် မပြေ ပါဘူး။ အလေးချိန် ၇အောင်စပဲ ရှိတဲ့အတွက် မလေးလံ လှပါဘူး။ Galaxy Mega ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကတော့ ပုံမှန် Smartphone တွေရဲ့ စွမ်း ဆောင်ရည် လောက်ပဲ ရှိပါတယ်။ 1,280 x 720 ရှိတဲ့ မျက်နှာပြင်၊ 1.7 GHz ရှိတဲ့ Processor နဲ့ 8-megapixel ရှိတဲ့ ကင်မရာ ပါပါတယ်။ OS အနေနဲ့တော့ Android Version 4.2.2 "Jelly Bean" ကို သုံးထားပြီး microSD card သုံးပြီး မြှင့်လို့ရတဲ့ သူ့ရဲ့ သိမ်းစွမ်း နိုင်တဲ့ ပမာဏကတော့ 16GB ရှိပါတယ်။

Galaxy Mega

Galaxy Mega

ဒီဖုန်းကို ကြီးလို့ မကောင်းဘူးလို့ ပြောကြ ပေမယ့် တစ်ချိန်တည်းမှာ Application နှစ်ခုကို မျက်နှာပြင်ရဲ့ ကွဲပြားတဲ့ နေရာနှစ်ခုမှာ သုံးလို့ရ တာကတော့ တော်တော်လေး စွဲမက်ဖွယ် ကောင်းပါ တယ်။ မျက်နှာပြင် ကြီးတဲ့ဖုန်း ဖြစ်ပေမယ့် အချိန် အတော်ကြာ သုံးပြီးတဲ့ အခါ မျက်နှာ ပြင် သေးတဲ့ဖုန်း တွေကို သုံးချင်စိတ် မရှိတော့ လောက်အောင် သူက စွဲဆောင် နိုင်ပါတယ်။ ကြည်လင်တဲ့ အရုပ်ကို ပေးနိုင် တာကြောင့် သူ့ မှာပါတဲ့ Ping Pong Game ကတောင် တခြားဖုန်း တွေမှာပါတဲ့ Game တွေထက် သာပါတယ်တဲ့။ ဖုန်းဗြက် ကြီးလို့၊ ဖုန်းရှည်လို့ ဇီဇာကြောင် နေကြတဲ့ စာဖတ်သူ များလည်းဒီ Samsung Galaxy Mega အကြောင်း ဘေး စကားတွေ နား မယောင်ဘဲ သေချာ ဆန်းစစ် သုံးစွဲကြဖို့ တိုက် တွန်း လိုက်ရ ပါတယ် ခင်ဗျာ။
Galaxy Mega

Source - Mashable, Images from nedmartin.org, ubergizmo, mashable

0 comments:

Post a Comment

 
Top