ဆက်သွယ်ရေးလုပ်ငန်းနည်းဗျူဟာကို Telenor နဲ့ Ooredoo တို့ အတူတကွဖော်ဆောင်မည်
----------------------------------------------
မိုဘိုင်းလ်အော်ပရေတာအဖြစ် အရွေးချယ်ခံထားရပြီးဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် Telenor Group နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့သည် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုနည်းဗျူဟာအပိုင်းတွင် အတူတကွဖော်ဆောင်သွားမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ CEO Mr. Ross Cormack က Myanmar Connect 2013 တွင်ပြောကြားခဲ့သည်။
နေပြည်တော်တွင် ကျင်းပခဲ့သော Myanmar Connect 2013 တွင် ဆက်သွယ်ရေးကဏ္ဍ၀န်ဆောင်မှုပေးသူများ၊ ထုတ်လုပ်သူများ၊ နည်းပညာထိန်းချုပ်သူများ၊ မဟာဗျူဟာပညာရှင်များ၊ ဈေးကွက်သုံးသပ်ရေးပုဂ္ဂိုလ်များနှင့် အစိုးရဌာနအသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။ Ooredoo သည် မိုဘိုင်းလ်ဖုန်းကတ်များကို အများပြည်သူအံ့သြလောက်သည့်ဈေးနှုန်းများဖြင့် ထုတ်ပေးသွားမည်ဖြစ်ကာ လမ်းဘေးဆိုင်လေးများတွင်ပါ လွတ်လပ်စွာဝယ်ယူရရှိနိုင်စေရန် စီစဉ်ပေးသွားမည်ဟု သိရသည်။ ၅ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေးဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းနှင့် အသံကွန်ရက် ၇၅ ရာခိုင်နှုန်းဖြစ်လာစေရန် ဆောင်ရွက်ရာတွင် Telenor နှင့် နည်းဗျူတာကျကျ အတူတကွဖော်ဆောင်မည်ဟု သိရသည်။
လက်ရှိတွင် ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာတင်ဒါအောင်ထားသော မြန်မာတယ်လီကွန်းကုမ္ပဏီ (ယခင် MPT) နှင့် ရတနာပုံတယ်လီပို့ တို့ရှိပြီး ပြည်ပကုမ္ပဏီအနေဖြင့် Telenor နှင့် Ooredoo တို့က ရပ်တည်နေကြသည်။ 

ပုံစာ- Telenor Myanmar CEO Mr. Petter Furberg နှင့် Ooredoo Myanmar CEO Mr. Ross Cormack တို့ကို အတူတွေ့ရစဉ် ( Photo Credit : Smart Pro Technology Journal ) 

0 comments:

Post a Comment

Top