Android OS ဖုန်းများပေါ်တွင် PSP ဂိမ်းများအား ထည့်သွင်းကစားနိုင်မည်
လက်ကိုင်ဟန်းဂိမ်းများအဖြစ် ကစားခဲ့ရသော PSP ဂိမ်းများအား မိုဘိုင်းဖုန်းများပေါ်တွင် ထည့်သွင်းကာ ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်က PSP ဂိမ်းများမှာ PSP စက်များပေါ်တွင်သာ ထည့်သွင်းကစားနိုင်ခဲ့ပြီး မိုဘိုင်းဖုန်းများမှာလည်း မိုဘိုင်းဖုန်းဂိမ်းများကိုသာ ကစားနိုင်ခဲ့သော်လည်း ယခုအခါတွင် အဆိုပါ PSP ဂိမ်းများအား Android OS စနစ်သုံး ဟန်းဆက်များပေါ်တွင်ပါ ထည့်သွင်းကစားနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။
မိုဘိုင်းဖုန်းများပေါ်တွင် PSP ဂိမ်းများထည့်သွင်း ကစားနိုင်ရန်အတွက် PSP ဂိမ်းများအား စုစည်းထည့်သွင်း ထားနိုင်မည့်ဆော့ဖ်ဝဲ တစ်ခုလိုအပ်မည်ဖြစ်ပြီး ယင်းဆော့ဖ်ဝဲအတွင်းမှ ဝင်ရောက်ကာ ဖုန်းအတွင်း ထည့်သွင်းထားသော PSP ဂိမ်းများအား ကစားရမည်ဖြစ်ကြောင်း သိရသည်။ PSP ဂိမ်းများအား မိုဘိုင်းဖုန်းများပေါ်၌ ကစားရာတွင် Touch Screen ဖုန်းများပေါ်တွင်သာ ကစားနိုင်မည်ဖြစ်ပြီး TouchScreen ပေါ်တွင် PSP ဂိမ်းစက်ကဲ့သို့ Game Joystick ပုံစံပေါ်လာမည်ဖြစ်ကာ Touch Joystick ပုံစံမျိုးဖြင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။
PSP ၏ဂိမ်းပေါင်းများစွာအား ထည့်သွင်းကစားနိုင်မည်ဖြစ်ပြီး နာမည်ကြီးဂိမ်းများဖြစ်သော Dispicable Me, Harry Potter, Metal Gear Sold, GOD of War, Silent Hill တို့ကဲ့သို့သော PSP ဂိမ်းများကိုလည်း ထည့်သွင်းနိုင်မည် ဖြစ်ကြောင်းသိရသည်။ မိုဘိုင်းဖုန်းပေါ်တွင် PSP ဂိမ်းအား ထည့်သွင်းကစားရာတွင် CPU စနစ်နိမ့်သော ဟန်းဆက်များ၌ အနည်းငယ်လေးလံမည် ဖြစ်သော်လည်း CPU စနစ်ကောင်းမွန်သော ဟန်းဆက်များပေါ်တွင်မူ ပေါ့ပေါ့ပါးပါးဖြင့် ကစားနိုင်မည်ဖြစ်သည့်အပြင် Screen ကျယ်ပြန့်သော ဟန်းဆက်များပေါ်တွင် ပိုမိုကောင်းမွန်စွာ ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ PSP ဂိမ်းများအား မိုဘိုင်းဖုန်းများပေါ်တွင် ထည့်သွင်းလိုပါက ရွှေမိုဘိုင်း မိုဘိုင်းဖုန်းဆိုင်နှင့် ABC Mart များရှိ Service For One Click (SOC) Media Coner များတွင်လည်း ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁ ၂၉၃၁၆၇ သို့ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။
0 comments:
Post a Comment