အီတလီနာမည်ကျော်
ဘောလုံးသမား ရော်ဘက်တို ဘက်ဂီယိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ရက်နေ့က
အီတလီနိုင် ငံ ရောမမြို့ကို ရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေ
အဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်
ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့တော်ဝန်က
ပေးအပ်ချီးမြှင့်တဲ့ ရောမမြို့သူဆုအား လွဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဆိုပါဆုကို
၁၉၉၄ခုနှစ်ကတည်းက ရရှိခဲ့တာဖြစ်ပေမယ့် ကိုယ်တိုင်သွားရောက် မယူနိုင်ခဲ့
တာကြောင့် ရိုမန်ကက်သလစ် ဘာသာဝင်အဖြစ်က ဗုဒ္ဒဘာသာကို
ကူးပြောင်းခဲ့သူလည်းဖြစ်တယ် သူမကိုလည်း အလွန်လေး စားအားကျတဲ့
အီတလီကစားသမားကြီး ဘက်ဂီယိုကို သူမအစား ဆုလက်ခံရယူပေးဖို့
တောင်းဆိုထားခဲ့တာပါ။ ဒါကြောင့် အီ တလီနိုင်ငံကို အလည်အပတ် ခရီးစဉ်အဖြစ်
ရောက်ရှိစဉ်အတွင်း ဘက်ဂီယိုက ပြန်လည်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာ
ထောက်ထားတဲ့ လုပ်ဆောင်မှုတွေကြောင့် အဆိုပါငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ဆုကို
ရရှိခဲ့ခြင်းလည်းဖြစ်ပြီး ရောမမြို့တော်ဝန် မာရီနိုက ကျေနပ်အားရစွာနဲ့
သူ့ရဲ့တွစ်တာမှတစ်ဆင့် `နောက်ဆုံးမှာတော့ ဒီဆုကို လွတ်လပ်တဲ့ အမျိုးသမီးဆီ
ပေးအပ်နိုင်ခဲ့ပါပြီ´ဟု ရေးသားထားပါတယ်။ ဆုလက်ခံ လွှဲပြောင်းပေးတဲ့
အခမ်းအနားကို ရောမ မြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ` ကျွန်မ အနေနဲ့
ဒီဆုကိုရဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာမျိုးတွေ မရှိခဲ့ပါဘူး။
ကျွန်မဘ၀မှာ ရွေးချယ်စရာတွေ အများကြီး လုပ်ဆောင်ခဲ့တယ်။ စွန့်လွှတ်အနစ်နာခံ
တယ်ဆိုတာမျိုးလည်း မရည်ရွယ်စေ ချင်ပါဘူး´လို့သာ ပြောသွားခဲ့တယ်။ သူမအနေနဲ့
ဒီဆုပေးပွဲပြီးရင် အီတလီသမ္မတ၊ ၀န်ကြီးချုပ် တို့နဲ့တွေ့ဆုံကာ ဘိုလော့ဂ်
နာမြို့မှာ နောက်ထပ်ဂုဏ်ထူးဆောင် ဆုတစ်ခုကို သွားရောက်လက်ခံ ရယူဦးမှာလည်း
ဖြစ်ပါတယ်။
အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဘက်ဂီယိုကလည်း
`သူမရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံမှု၊ သတ္တိရှိမှု၊ လွတ်လပ်မှု အတွက်
ငြိမ်းချမ်းစွာ ဆန္နထုတ်ဖော်ပေးမှုတွေကြောင့် သူတို့တိုင်းပြည်က
လူတွေရဲ့အနာဂတ် နေ့စဉ်ဘ၀နဲ့ ဘ၀ဖြစ်တည် မှုတွေဟာ အများကြီး အထောက်အကူ
ဖြစ်စေခဲ့ပါပြီ။ ဒါဟာ သူမရဲ့မလျှော့သော စွဲလုံ့လကြောင့်ပါပဲ။ လူတစ်ယောက်ရဲ့
ဆုံးဖြတ်ချက်ဟာ သူကိုင်တိုင်သာမက တစ်ကမ္ဘာလုံးအတွက်ပါ
အကျုံးဝင်စေပါတယ်´လို့ ပြောခဲ့ပါတယ်။
အီတလီနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဥရောပ ခရီးစဉ် နောက်ဆုံးနိုင်ငံဖြစ်ပြီး ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်နဲ့
ဗြိတိန်တို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာလည်း ဥရောပသမဂ္ဂမှ
ပေးအပ်ချီးမြှင့်တဲ့ အဆင့်မြင့်ဆုံး လူ့အခွင့်အရေးဆုကို ရရှိ ခဲ့သလို
ဗြိတိန်ရှိ sandhurst ကမ္ဘာကျော် စစ်တက္တသိုလ်မှာလည်း
မိန့်ခွန်းပြောခဲ့ပါသေးတယ်။ ဒီခရီးစဉ်ဟာ သူမအတွက် တ တိယမြောက် ဥရောပကာလတို
ခရီးစဉ်လည်း ဖြစ်ပါတယ်။
0 comments:
Post a Comment