ကမ္ဘာ့ဘောလုံးအဖွဲ့ချ
ုပ် ဥက္ကဌ ဆပ်ဘလတ္တာဟာ ပြီးခဲ့တဲ့ သောကြာနေ့က အောက်စဖို့ဒ် တက္ကသိုလ်မှာ
မိန့်ခွန်းပြောကြားခဲ့စဉ် စီရော်နယ်ဒိုနဲ့ မက်ဆီတို့ ၂ဦးကြားမှာ
အငြင်းပွားဖွယ် မှတ်ချက်ပေးခဲ့တဲ့အတွက် ပေါ်တူဂီအသင်းခေါင်းဆောင်ကို လူသိ
ရှင်ကြား ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ ဥက္ကဌကြီးက စီရော်နယ်ဒိုဟာ
ဆံပင်ပုံစံကိုပဲ ပိုမိုအလေးထားပြီး မိမိအတွက် အကြိုက်ဆုံး ဘောလုံးသမားဟာ
မက်ဆီသာဖြစ်တယ်လို့ ပြောသွားခဲ့တာပါ။
ဘလတ္တာ ပြောကြားခဲ့တာတွေကတော့ `သူတို့
နှစ်ယောက်လုံးဟာ အရမ်းထက်မြက်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် လုံးဝ ကွဲပြားတဲ့
ကစားသမားတွေလည်း ဖြစ်ကြပါတယ်။ မက်ဆီကတော့ အရမ်းတော်တဲ့ ကလေးပါ။ ဖခင်တိုင်း
မိခင်တိုင်း မက်ဆီ လိုသားမျိုး လိုချင်ကြပါလိမ့်မယ်။
သူကပုဂ္ဂိုလ်ရေးပိုင်းလည်း နှစ်လိုဖွယ်ကောင်းတဲ့ လူငယ်တစ်ဦးဖြစ်တယ်။
ကြင်နာစိတ်ရှိ တယ်။ သူကစားနေတာက ကပြနေသလိုပဲ။ ဒါကြောင့်ပဲ လူတွေက
သူ့ကိုမဲပေးနေကြတာပေါ့`လို့ ဆိုခဲ့တာပါ။
စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့
`တစ်ခြားတစ်ယောက်(စီရော်နယ်ဒို)ကတော့ ကွင်းအတွင်းမှာ စစ်သူကြီးတစ်ယောက်
လိုပါပဲ။ သူနဲ့ မက်ဆီဟာ ရပ်တည်ရှင်သန်ပုံခြင်းလည်း မတူညီကြပါဘူး။ တစ်ယောက်က
သူ့ဆံပင်ကို တစ်ခြားတစ်ယောက် ထက်ပိုမိုဂရုစိုက်ပါတယ်။ ဒါကလည်း
ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ ဘယ်သူ အကောင်းဆုံးလဲဆိုတာကို ကျွန်တော်
မပြောနိုင်ပေမယ့် မက်ဆီကတော့ ကျွန်တော့်အတွက် အကောင်းဆုံးပါပဲ`လို့
ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်နဲ့
ဘောလုံးအဖွဲ့ချုပ်က သူတို့ တိုက်စစ်မှူးရဲ့ ဂုဏ်သိက္ခာကို
စော်ကားရကောင်းလား ဆိုပြီး ဖီဖာထံ စာဖြင့်ရေးသားပေးပို့ခဲ့သလို နည်းပြ
အန်ဆလော့တီကလည်း `စီရော်နယ်ဒိုဆိုတာ ပရိုအရမ်းဆန်တဲ့ ကစားသမားပါ။
အားလုံးရဲ့ လေးစားမှုကို ရထားတဲ့သူလည်းဖြစ်တယ်။ ဖီဖာဥက္ကဌကြီး
ပြောတဲ့စကားကတော့ သူ့အပေါ်လေးစားမှု မရှိပါဘူး။ ဥက္ကဌပီရက်ဇ်ကလည်း
ဒေါသဖြစ်နေပြီး ဖီဖာထံ ပြန်တောင်းပန်ဖို့ စာတင်ထားပါတယ်`လို့ ဆိုပါတယ်။
ဒါကြောင့် ဘလတ္တာက တွစ်တာကနေ
`စီရော်နယ်ဒိုရေ…ငါ့ရဲ့ မိန့်ခွန်းစကားနဲ့ ပတ်သက်ပြီး မင်းအံ့အားသင့်
စိတ်အနှောင့် အယှက်ဖြစ်သွားတယ်ဆိုရင် အထူးတောင်းပန်ပါတယ်။ မင်းကို
နာကျင်စေလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါဘူး`လို့ ရေးသား ခဲ့ပါတယ်။
စီရော်နယ်ဒိုကမူ `ဘလတ္တာကြီး ကျန်းမာရေးကောင်းဖို့ပဲ
ကျွန်တော်ဆုတောင်းပါတယ်။ သူကြိုက်တဲ့အသင်း ကြိုက်တဲ့ကစားသမားကို
ထုတ်ပြောနိုင်ပါတယ်`လို့ တုန့်ပြန်ခဲ့ပါတယ်။
credit isport.com
0 comments:
Post a Comment