၂၀၁၄ခုနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားကတော့ တဖြည်းဖြည်းနီးလာတာနဲ့အမျှ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်မယ့် အသင်းတွေဟာလည်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါပြီ။ အခုချိန်အထိတော့ ကမ္ဘာ့ဖလားမှာ ပါဝင်ရမယ့်အသင်းတွေဟာ ၁၀ သင်း အထိရှိလာပါပြီ။ အိမ်ရှင် ဘရာဇီး၊ အာရှမှအီရန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့  သြစတြေးလျတို့ဟာ ခြေစစ်ပွဲအောင်သွား ကြပြီဖြစ်သလို၊ ကွန်ကာအက်ဖ်ဇုန်က အမေရိကန်နဲ့ ကော်စတာရီယာတို့လည်း ခြေစစ်ပွဲအောင်သွားကြပြီ ဖြစ်ပါတယ်။ ခွဲတမ်းအများဆုံးရရှိတဲ့ ဥရောပကတော့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတာကြောင့် နှစ်သင်းလောက်သာ ခြေစစ်ပွဲအောင် အသင်းအဖြစ် ထွက်ပေါ်နိုင်ပါသေးတယ်။ အဲဒီအသင်းတွေကတော့ အီတလီနဲ့ နယ်သာလန်အသင်းတို့ပဲ ဖြစ်ပါတယ်။
         တောင်အမေရိကတိုက်ဇုန်မှာတော့ အာဂျင်တီးနားတစ်သင်းသာ ကမ္ဘာ့ဖလားလက်မှတ်ကို ရရှိသေးပါတယ်။ ဒါကြောင့် ကျန်တဲ့အသင်းတွေ အတော်များများဟာ ပြိုင်ပွဲပြီးဆုံးတဲ့အထိ ဆက်လက်ယှဉ်ပြိုင်ကြဖွယ် ရှိနေတယ်။ ဒါကြောင့် ဇုန်အလိုက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို သုံးသပ်သွားပါမယ်။
ဥရောပဇုန်
         ဥရောပဇုန်မှာ ကိုးအုပ်စုရှိပါတယ်။ တစ်အုပ်စုမှာ ယေဘုယျအားဖြင့် ခြောက်သင်းလောက်ရှိလို့ တစ်သင်းကို ဆယ်ပွဲလောက်ကစားရပါတယ်။ အခုထိတော့ ပွဲစဉ်-၉ကို ရောက်ရှိနေတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ အုပ်စု(A)မှာ ခြောက်သင်းရှိတဲ့အနက် ဘယ်ဂျီယံက ရမှတ် ၂၂မှတ်နဲ့ ခြေစစ်ပွဲအောင်ဖို့ အလားအလာ ကောင်းနေပါတယ်။ အုပ်စုဒုတိယနေရာက ခရိုအေးရှားက ၁၇မှတ် ရရှိထားပြီး ရမှတ် ၁၁မှတ် ရရှိထားတဲ့ ဆားဘီးယားကို ငါးမှတ် ဖြတ်ထားရာမှာ ဆားဘီးယားက ပွဲစဉ်-၁ပွဲသာ ကျန်တော့သာကြောင့် ဒုတိယနေရာအတွက် အခွင့်အရေး မရှိတော့ပါဘူး။  အုပ်စုပထမ ဘယ်ဂျီယံဟာ ဒုတိယနေရာက ခရိုအေးရှားကို ငါးမှတ် ဖြတ်ထားနိုင်ပေမယ့် ပွဲစဉ်နှစ်ပွဲ ကျန်နေသေးတာကြောင့် ဘယ်သူ ပထမရမလဲဆိုတာက အတိအကျ မသိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီအုပ်စုအတွက်တော့ ဘယ်ဂျီယံနဲ့ ခရိုအေးရှားတို့ အုပ်စုပထမနဲ့ ဒုတိယနေရာကို လုဖို့ပဲ ကျန်တော့တယ်လို့ ပြောရတော့မှာပါ။
အုပ်စု(A)အမှတ်ပေးဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
ဘယ်လ်ဂျီယံ ၁၅ ၂၂
ခရိုအေးရှား ၁၁ ၁၇
ဆားဘီးယား ၁၃ ၁၀ ၁၁
စကော့တလန် ၁၂
မက်ဆီဒိုးနီးယား ၁၀
ဝေလ
         အုပ်စု(B)မှာတော့ အီတလီက ရမှတ် ၂၀မှတ်နဲ့ ခြေစစ်ပွဲကို ရှင်းရှင်းလင်းလင်းကြီး အောင်သွားပါပြီ။ အုပ်စုအတွင်းက အသင်းအားလုံး ရှစ်ပွဲစီ ကန်ပြီးသွားတာကြောင့် နှစ်ပွဲစီ အညီအမျှ ကျန်ပါသေး တယ်။ အုပ်စုဒုတိယနေရာက ဘူဂေးရီး ယားက ရမှတ် ၁၃မှတ်၊ တတိယနေရာက ဒိန်းမတ်က ၁၂မှတ်၊ ချက်နဲ့ အာမေးနီးယားတို့က ကိုးမှတ်စီ စတုတ္ထနဲ့ ပဉ္စမ အသီးသီး ရရှိထားကြပါတယ်။ ဒါကြောင့် ဒုတိယကနေ ပဉ္စမတို့ဟာ အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်တွေ ရှိနေသေးပါတယ်။
အုပ်စု(B)အမှတ်ပေးယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
အီတလီ ၁၅ ၂၀
ဘူလ်ဂေးရီးယား ၁၃ ၁၃
ဒိန်းမတ် ၁၀ ၁၂
ချက်
အာမေးနီးယား ၁၀
မော်တာ ၁၈
         အုပ်စု(C)မှာတော့ ခြေစစ်ပွဲအောင်ပြီဖြစ်တဲ့ အသင်းတွေ မရှိသေးပေမယ့် အုပ်စုပထမနေရာက ဂျာမနီကတော့ ရမှတ် ၂၂မှတ်နဲ့ ၁၇မှတ်ရရှိထားတဲ့ ဒုတိယနေရာက ဆွီဒင်ကို ငါးမှတ်ဖြတ်ထားနိုင်ပါတယ်။ ဂျာမနီဟာ သင်္ချာနည်းအရတော့ ခြေစစ်ပွဲအောင်မြင်ပြီလို့ မဆိုနိုင်ပေမယ့် လက်ကျန်ပွဲ နှစ်ပွဲနဲ့ ငါးမှတ်ဖြတ်ထားတာကြောင့် အုပ်စုပထမနေရာရဖို့ တော်တော်လေးကို ရာနှုန်းများနေပါတယ်။ ဂိုးအရေအတွက်ကလည်း အခြားအသင်းတွေနဲ့ အပြတ်အသတ် ကွာနေတာကြောင့်လည်း တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ ရာခိုင်နှုန်း တော်တော်များနေပါတယ်။
အုပ်စု(C)အမှတ်ပေးဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
ဂျာမနီ ၂၈ ၂၂
ဆွီဒင် ၁၄ ၁၇
သြစတြီးယား ၁၆ ၁၄
အိုင်ယာလန် ၁၃ ၁၃ ၁၁
ကာဇက်စတန် ၁၇
ဖာရိုး ၂၅
         အုပ်စု(D)မှာတော့ နယ်သာလန်အသင်းက ခြေစစ်ပွဲကို ရမှတ် ၂၂မှတ်နဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်သွားပါပြီ။ ဒုတိယနေရာအတွက် ဟန်ဟေရီ၊ တူရကီနဲ့ ရိုမေးနီးယားတို့ သုံးသင်းက အစဉ်လိုက် ရပ်တည်ယှဉ်ပြိုင်နေရပါတယ်။ ဒုတိယနေရာက ဟန်ဂေရီက ရမှတ် ၁၄မှတ်၊ တတိယနေရာက တူရကီက ၁၃မှတ်နဲ့ ရိုမေးနီးယားက ၁၃မှတ်နဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေရပါတယ်။ အက်စ်တိုးနီးယားနဲ့ အမှတ်မရရှိသေးတဲ့ အန်ဒိုရာတို့ကတော့ ထုံးစံအတိုင်း မျှော်လင့်ချက် မရှိတော့ပါဘူး။ အုပ်စု ဒုတိယနေရာအတွက် ရိုမေးနီးယားက အခြေအနေကောင်းမယ်လို့ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ လက်ကျန် နှစ်ပွဲဟာ အန်ဒိုရာ၊ အက်စ်တိုးနီးယားတို့နဲ့ ယှဉ်ပြိုင်ရမှာကြောင့်ပါ။
အုပ်စု(D)အမှတ်ပေးဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
ဟော်လန် ၂၄ ၂၂
ဟန်ဂေရီ ၁၈ ၁၂ ၁၄
တူရကီ ၁၄ ၁၃
ရိုမေးနီးယား ၁၃ ၁၂ ၁၃
အက်စ်တိုးနီးယား ၁၆
အန်ဒိုရာ ၂၄
         အုပ်စု(E)မှာတော့ ဆွစ်ဇာလန်က ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးက ရပ်တည်နေပေမယ့် ခြေစစ်ပွဲအောင်ပြီလို့ ပြောလို့ မရသေးပါဘူး။ ဒုတိယနေရာက အိုက်စလန်က ရမှတ် ၁၃မှတ်နဲ့ တတိယနေရာက ဆလိုဗေးနီးယားက ၁၂ မှတ်တွေ ရှိနေကြလို့ သူတို့နှစ်သင်းလည်း အုပ်စုပထမနေရာအတွက် မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။ နော်ဝေနဲ့ အယ်ဘေးနီးယားတို့ဟာ ၁၁ မှတ်နဲ့ ၁၀ မှတ်စီသာ ရရှိထားပေမယ့် အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။ လေးမှတ် ရရှိထားတဲ့ ဆိုက်ပရပ်စ်တစ်သင်းသာ မျှော်လင့်ချက် မဲ့နေတာပါ။
အုပ်စု(E)၏ အမှတ်ပေးဇယား
ပွဲ အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
ဆွစ်ဇာလန် ၁၄ ၁၈
ဆိုက်စလန် ၁၄ ၁၄ ၁၃
စလိုဗေးနီးယား ၁၁ ၁၀ ၁၂
နော်ဝေ ၂၂
အယ်ဘေးနီးယား ၁၀
ဆိုက်ပရက် ၁၃
         အုပ်စု(F)မှာတော့ သုံးသင်းသာ အုပ်စုပထမနဲ့ ဒုတိယနေရာတွေအတွက် ယှဉ်ပြိုင်ရမှာပါ။ ရုရှားက ၁၈မှတ်၊ ပေါ်တူဂီက ရမှတ် ၁၇မှတ်နဲ့ အစ္စရေးက ၁၂မှတ်တို့ အသီးသီး ရရှိထားကြပါတယ်။ ဒါကြောင့် အခုအထိ ဘယ်အသင်းက အုပ်စုပထမနဲ့ ဒုတိယလည်းဆိုတာ မသေချာသေးပါဘူး။ မြောက်အိုင်ယာလန်နဲ့ လူဇင်ဘတ်တို့က ခြောက်မှတ်နဲ့ အဇာဘိုင်ဂျန်က ငါးမှတ်သာ ရရှိထားတာကြောင့် ကမ္ဘာ့ဖလား မျှော်လင့်ချက်လည်း ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။
အုပ်စု(F)၏ အမှတ်ပေးဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
ရုရှား ၁၅ ၁၈
ပေါ်တူဂီ ၁၆ ၁၇
အစ္စရေး ၁၇ ၁၂ ၁၂
မြောက်အိုင်ယာလန် ၁၄ ၁၆
လူဇင်ဘတ် ၁၉
အဇာဘိုင်ဂျန် ၁၀
         အုပ်စု(G)မှာတော့ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံနဲ့ ဂရိနိုင်ငံတို့ ပွဲတူရမှတ် ၁၉မှတ်နဲ့ ပထမနဲ့ ဒုတိယ နေရာအသီးသီးကို ရရှိထားကြပါပြီ။ ကျန်တဲ့လေးသင်းဖြစ်တဲ့ ဆလိုဗက်ကီးယား၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ လက်ချင်စတိန်းတို့ကတော့ အမှတ်မမီကြတော့လို့ ကမ္ဘာ့ဖလားကို လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။ ဘော့စနီးယားဟာ ဂိုးအရေအတွက်မှာ ဂရိထက် အပြတ်အသတ် သာလွန်နေတာကြောင့် အုပ်စုပထမရဖို့ အားသာချက်ရှိပေမယ့် ဂရိဟာ လက်ကျန် နှစ်ပွဲစလုံးကို အိမ်ကွင်းမှာ ကစားရတာကလည်း အားသာချက်တစ်ခုပါ။
အုပ်စု(G)၏ ပွဲစဉ်ဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
ဘော့စနီးယား ၂၅ ၁၉
ဂရိ ၁၉
ဆလိုဗက်ကီးယား ၁၂
လစ်သူရေးနီးယား ၁၀
လက်ဗီးယား ၁၆
လက်ချင်စတိန်း ၁၈
         အုပ်စု(H)မှာတော့ အင်္ဂလန်က ၁၆မှတ်သာ ရရှိထားလို့ ခြောက်သင်းအုပ်စုတွေထဲမှာ ရမှတ်အနည်းဆုံး အုပ်စုပထမလို့တောင် ဆိုနိုင်ပါတယ်။ အင်္ဂလန်ဟာ အုပ်စုပထမ ရရှိထားပေမယ့် ဒုတိယနေရာမှာ ယူကရိန်းက ၁၅မှတ်နဲ့ ထက်ကြပ်မကွာ လိုက်နေသလို၊ မွန်တီနီဂရိုးကလည်း ၁၅မှတ် ရရှိထားလို့ အုပ်စုပထမနေရာကို ဖိအားပေးနိုင်သေးပါတယ်။ စတုတ္ထနေရာက ပိုလန်က ရမှတ် ၁၃ မှတ် ရှိနေပေမယ့် တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ မော်ဒိုဗာက ငါးမှတ်နဲ့ ဆန်မာရီနိုက အမှတ်မရရှိဘဲ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။
အုပ်စု(H)၏ ပွဲစဉ်ဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
အင်္ဂလန် ၂၅ ၁၆
ယူကရိန်း ၁၉ ၁၅
မွန်တီနီဂရိုး ၁၅ ၁၅
ပိုလန် ၁၈ ၁၃
မော်ဒိုဗာ ၁၅
ဆန်မာရီနို ၄၃
         အုပ်စု(I)မှာတော့ ငါးသင်းသာ ပါဝင်ရာမှာ စပိန်နဲ့ ပြင်သစ်တို့ ရမှတ် ၁၄ မှတ်စီ ပထမနဲ့ ဒုတိနေရာအသီးသီးကို ရရှိထားပါတယ်။ ဖင်လန်၊ ဂျောဂျီယာနဲ့ ဘီလာရုဇ်တို့က ၉မှတ်၊ ၅မှတ်၊ ၄မှတ်တို့စီနဲ့ ခြေစစ်ပွဲမျှော်လင့်ချက် ကုန်ဆုံးသွားပါပြီ။ စပိန်နဲ့ ပြင်သစ်တို့သာ ရမှတ်တူညီနေပေမယ့် စပိန်က ပြင်သစ်ထက်တစ်ပွဲ လျော့နည်းနေပါတယ်။ ဒါကြောင့် စပိန်အနေနဲ့ အုပ်စု ပထမရဖို့ အခြေအနေ ပိုကောင်းနေပါတယ်။
အုပ်စု(I)၏ အမှတ်ပေးဇယား
စဉ် အသင်း ပွဲ နိုင် သရေ ရုံး ရဂိုး ပေးဂိုး ဂိုးကွာ
စပိန် ၁၀ ၁၄
ပြင်သစ် ၁၂ ၁၄
ဖင်လန်
ဂျော်ဂျီယာ 5
ဘီလာရုစ် ၁၄
         ဥရောပဇုန်မှာ အုပ်စုပထမ ကိုးသင်းသာ ခြေစစ်ပွဲ တိုက်ရိုက်အောင်မှာဖြစ်ပြီး ဒုတိယကိုးသင်းထဲက အကောင်းဆုံး ရှစ်သင်းဟာ ရှုံးထွက်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပအနေနဲ့ ကမ္ဘာ့ဖလားခွဲတမ်း ၁၃ သင်း ရရှိထားပါတယ်။
အာရှဇုန်
    အာရှဇုန်ဟာ ကမ္ဘာဖလားအတွက် နေရာလေးနေရာခွဲ ရရှိထားတဲ့ ဇုန်ဖြစ်ပါတယ်။ အသင်းလေးသင်းဟာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပေမယ့် နောက်ဆုံး တစ်သင်းကတော့ တောင်အမေရိကဇုန်က ပဉ္စမရရှိထားတဲ့အသင်းနဲ့ ထပ်မံရှုံးထွက်ပွဲကို ကန်ရမှာဖြစ်ပါတယ်။ အီရန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြးလျတို့ဟာ ခြေစစ်ပွဲ အောင်မြင်သွားကြပြီဖြစ်ပြီး ပဉ္စမအသင်းဖြစ်တဲ့ ဂျော်ဒန်ကတော့ တောင်အမေရိကတိုက်ရဲ့ ပဉ္စမရတဲ့အသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း အဆုံးအဖြတ် ကန်ရမှာ ဖြစ်ပါတယ်။
အာဖရိကဇုန်
         အာဖရိကဇုန်ခြေစစ်ပွဲမှာတော့ အခုထိ တတိယအဆင့်ကို ရောက်ရှိနေပါပြီ။ အိုင်ဗရီကို့စ်-ဆီနီဂေါ၊ အီသီယိုးပီးယား- နိုင်ဂျီးရီးယား၊ တူနီးရှား-ကင်မရွန်း၊ ဂါနာ-အီဂျစ်နဲ့ ဘာကီနာဖာဆို-အယ်ဂျီးရီးယားတို့ အိမ်ကွင်း အဝေးကွင်းကစားပြီး အနိုင်ရတဲ့ ငါးသင်းဟာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်
    ကွန်ကာကပ်ဖ်ဇုန်မှာတော့ အမေရိကန်နဲ့ ကော်စတာ ရီကာတို့ဟာ ခြေစစ်ပွဲအောင်သွားကြပြီ ဖြစ်ပေမယ့် မက္ကဆီကိုအသင်း ကတော့ ရမှတ် ရှစ်မှတ်သာ ရရှိထားလို့ အဆင့်-၅နေရာနဲ့ အခြေအနေ သိပ်မကောင်းလှပါဘူး။ မက္ကဆီကိုအနေနဲ့ ဒုတိယနေရာက ဟွန်ဒူးရပ်စ်နဲ့ တတိယနေရာက ပနားမားတို့ကို ကျော်ဖြတ်ဖို့အတွက် လက်ကျန်နှစ်ပွဲကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုနေပါတယ်။ ၁၁ မှတ်ရရှိထားတဲ့ ဟွန်ဒူးရပ်စ်ဟာ တစ်ပွဲနိုင်ရုံနဲ့ အခြေအနေ အတော်ကောင်း နိုင်ပါတယ်။ ပနားမားကတော့ မက္ကဆီကိုနဲ့ ရမှတ်တူ ၈မှတ်နဲ့ စတုတ္ထနေရာမှာ ရှိနေပြီး ဆဋ္ဌမနေရာက ဂျမေကာကတော့ ရမှတ်လေးမှတ်နဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက် မရှိတော့ပါဘူး။ စတုတ္ထရရှိတဲ့အသင်းဟာ အိုဖက်စီဇုန်က နယူဇီလန်နဲ့ ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်ဇုန်အသင်းများ ရပ်တည်မှု
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
အမေရိကန် ၁၀ ၁၆
ကော်စတာရီကာ ၁၁ ၁၅
ဟွန်ဒူးရပ်စ် ၁၀ ၁၀ ၁၁
ပနားမား
မက္ကဆီကို
ဂျမေကာ
တောင်အမေရိကဇုန်
    တောင်အမေရိကအတွက် ခွဲတမ်းက လေးနေရာခွဲ ရှိပါ တယ်။ အာဂျင်တီးနားဟာ ဘရာဇီးကမ္ဘာ့ဖလားပွဲအတွက် လက်မှတ် ရရှိသွားပေမယ့် ကျန်တဲ့သုံးနေရာခွဲကတော့ ယှဉ်ပြိုင်နေရဆဲပါ။ ကိုလံဘီယာက ၂၆ မှတ်၊ ချီလီက ၂၄ မှတ်၊ အီကွေဒေါနဲ့ ဥရုဂွေးက ၂၂ မှတ်နဲ့ အဆိုပါအသင်းတွေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်ဖို့ အခွင့်အရေးတွေ ရှိနေဆဲပါ။ ဗင်နီဇွဲလားကတော့ ၁၉ မှတ်သာ  ရရှိထားလို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ မဖြစ်နိုင်ပေမယ့် အဆင့်-၅နေရာ ကနေ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ရှိနေဆဲပါပဲ။ အဆင့်-၅ နေရာကအသင်းဟာ အာရှက ပဉ္စမအသင်းနဲ့ ထပ်မံယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အသင်းဟာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
တောင်အမေရိကဇုန်အသင်းများ ရပ်တည်မှု
စဉ် အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
အာဂျင်တီးနား ၁၄ ၃၀ ၁၁ ၂၉
ကိုလံဘီယာ ၁၄ ၂၂ ၂၆
ချီလီ ၁၄ ၂၄ ၂၁ ၂၄
အီကွေဒေါ ၁၄ ၁၈ ၁၄ ၂၂
ဥရုဂွေး ၁၄ ၂၂ ၂၂ ၂၂
ဗင်နီဇွဲလား ၁၅ ၁၃ ၁၉ ၁၉
ပီရူး ၁၄ ၁၅ ၂၂ ၁၄
ဘိုလီးဗီးယား ၁၅ ၁၆ ၂၉ ၁၁
ပါရာဂွေး ၁၄ ၁၅ ၂၈ ၁၁
အိုဖက်စီဇုန်
    အိုဖက်စီဇုန်မှာ နယူဇီလန်က ပထမနေရာ ရရှိထားတာကြောင့် ကွန်ကာအက်ဖ်က စတုတ္ထရရှိတဲ့ အသင်းနဲ့ ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
credit 7days sport Journal
Author:မောင်ကောင်း

0 comments:

Post a Comment

 
Top