Latest

00:39 AM IOS 7.1 DOWNLOAD


ယခင်အပတ်ထုတ်ဂျာနယ်မှာ အွန်လိုင်းသီချင်း ရောင်းဝယ်မှု စီစဉ်ပေးသူဦးကိုကိုလွင်ကို  website ဖန်တီးဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး မေးမြန်းတင်ဆက်ခဲ့ပြီးဖြစ်ရာ အခုအပတ် ထုတ် မှာတော့  website အသုံးပြုနည်းနဲ့ သီချင်းရာခိုင်နှုန်း ခွဲဝေမှုစနစ်တွေအကြောင်း ဆက်လက်မေးမြန်းလိုက်ပါတယ်။
မေး- ဦးတို့ website မှာ သီချင်းတင်တဲ့အခါ သီချင်းတွေကို ဘယ်လို ယူပါသလဲ။ ခုလက်ရှိ ဂီတအစည်း အရုံးမှာဖြစ်နေတဲ့ ရာခိုင်နှုန်းခွဲဝေမှုပြဿနာတွေလည်း ဒီလို အွန်လိုင်း ဈေးကွက်ကတစ်ဆင့် ခွဲဝေမှုတွေ ဖြစ်တဲ့အတွက် ဒီရာခိုင်နှုန်းခွဲဝေမှု ကိစ္စတွေမှာ ဦးတို့အနေနဲ့ ပါဝင်ပတ်သက်မှုရှိလား။ ဒီ အပေါ်မှာကော ဘာပြောချင်လဲ။
ဖြေ-ကျွန်တော်တို့ website က ဘယ်လိုလဲဆိုတော့ ထုတ်လုပ် သူတစ်ယောက် ရောင်းချင်ပါတယ်ဆိုမှ လာရောင်းတာကို လက်ခံ တယ်။ ကျွန်တော်တို့ ဘာ သာ ရောင်း ပြီး ဖြန့် ခွဲပေး တာမဟုတ်ဘူး။ ဥပမာ ခုလက်ရှိ Chillsession ဆိုရင် သူတို့ ဘာသာရေးဆိုတီးစသဖြင့် ရာခိုင်နှုန်းခွဲပြီးသား။ ဒီမှာရောင်းချင်တယ်ဆိုလာရင် ကျွန်တော် တို့က ရောင်းပေးတယ်။ ရာခိုင်နှုန်းခွဲဝေမှုတွေက ကျွန် တော်တို့နဲ့မဆိုင်ဘူး။သူတို့ အသီးသီးကျေနပ်တဲ့ရာခိုင် နှုန်းနဲ့ခွဲပြီး သားကိုမှ ကျွန်တော်တို့ က ပြန်ရောင်းပေးတယ်။ သူတို့ အချင်းချင်း သဘောတူထားတဲ့ရာခိုင်နှုန်းအတိုင်း ကျွန်တော်တို့က ပြန်ခွဲဝေ ပေးတယ်။
မေး- မြန်မာပြည်မှာ တရားဝင် ရောင်းတဲ့ အွန်လိုင်း website က ဒီ Myanmar Music Store တစ်ခုပဲရှိတာလား။ အစည်းအရုံးကသတ်မှတ်ခဲ့တဲ့ အရောင်းကိစ္စတွေ အတွက် အကြမ်းဖျင်းခွဲဝေမှုဆိုတာ Myanmar Music Store  အတွက် ဆိုပြီး ခွဲဝေမှု ဖြစ်လာတာလား။
ဖြေ- လတ်တလောတော့ ကျွန်တော်တို့  site တစ်ခုတည်းပါ။ ဒါပေမဲ့ ခုနကသတ်မှတ်တဲ့ ရာခိုင်နှုန်းခွဲဝေမှုဆိုတာက ကျွန်တော်တို့  site တစ်ခုအတွက်ဆို ရည်ရွယ် သတ်မှတ်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ အရင်ကတည်းက ဒီလို online အရောင်းအဝယ် တွေသာ ပေါ်လာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ဟိုးအရင်ကတည်းက တိုင်ပင်ထား တာ။ ဒီ site တစ်ခုတည်းအတွက် ဆွေးနွေးထားတာ မဟုတ်ဘူး။ နောက်တခြား site တွေလည်း ပေါ်လာဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့လည်း အစည်းအရုံးက ယူပြီး ရောင်းပေးတာမဟုတ်ဘူး။ ထုတ်လုပ်သူကိုယ်တိုင်က လာရောင်းမှ ပြန်ရောင်းပေးတယ်။ အစည်းအရုံးကတော့ အားလုံးအဆင်ပြေအောင် အကြမ်းဖျင်း သတ်မှတ် ထား တာ။ ဒါပေမဲ့ ဒါကို မကျေနပ်ရင် ကိုယ့်ဘာသာညှိပြီး လာရောင်းလို့ရတယ်။ အမှန်ကတော့ ဒါက တစ်ခွေချင်းမှာ ထုတ်လုပ်သူလည်း မတူဘူး။ အဆိုတော်၊ တီးဝိုင်း ချင်း လည်း မတူဘူး။ အဲ့ဒီတော့ ကိုယ့်အခွေကိုယ်ရှင်းရင် ပိုကောင်းမယ်။ ဒီရာခိုင်နှုန်းတွေ fair ဖြစ်လား၊ မဖြစ်လားဆိုတာ ထုတ် လုပ်သူတွေအပေါ်မှာလည်း မူတည် တယ်။ အခွေလုပ်ချိန်မှာ ဘယ်လိုပုံစံနဲ့ လုပ်ထားလဲ မသိဘူးလေ။တချို့ အခွေတွေမှာဆို ထုတ်လုပ်သူက အစကတည်းက ၁ဝဝရာခိုင်နှုန်းယူဖို့ သတ်မှတ် ညှိနှိုင်းထားတဲ့ အခွေမျိုးလည်းရှိမယ်။ အမျိုးမျိုးရှိမယ်။ ဒါကို အားလုံးတစ်ပြေး ညီတော့ သတ်မှတ်လို့မရဘူး။ ဒါပေမဲ့ အစည်းအရုံးက သတ်မှတ်ပေးတယ် ဆိုတာလည်း ပုံသေနည်းတော့ မဟုတ်ဘူး။ အများလက်ခံချင်ရင် ဒီနည်းတော့ရှိတယ် ဆိုတာမျိုးပြော တာ။အစကတည်းက ခွဲထားတာ မရှိရင် ဒီနည်းလေး ယူသုံး မလားပေါ့။ မကြိုက် ဘူး ဆိုရင်လည်း ကိုယ့် ဘာသာ ရာနှုန်းပြန်ခွဲ ပြီး လုပ်ပေါ့။ ကျွန်တော့် အနေနဲ့ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့  ပြောရမယ်ဆိုရင် နောက်ပိုင်း ကျွန်တော် ထုတ်လုပ်တဲ့ အခွေတွေမှာ ၅ဝ ရာခိုင်နှုန်းယူမယ်။ ဒီလို ရှင်းရှင်းလင်းလင်း လုပ်ထားမယ်။
မေး- စတင် Lunch လုပ်မယ့် အောက်တိုဘာ ၂၇ရက် နေ့မှာရော၊ ဒီ website  အနေနဲ့ဘာတွေထူးထူးခြားခြားလုပ်သွားဖို့ရှိလဲ။ သီချင်း ဝယ်ယူမှုပုံစံကို အကျဉ်းပြော ပြပေး ပါ။
ဖြေ- အဲဒီနေ့မှာတော့ လေးဖြူသီချင်းသစ်တစ်ပုဒ်ကို single တင်မယ်။ ဖွင့်ပွဲနေ့မှာတော့ ထူးထူးခြားခြားကြီးလုပ်သွားဖို့တော့ မရှိပါဘူး။ဈေးကလည်း ပုံမှန်ဈေးအတိုင်းပါပဲ။
နောက် ပိုင်းမှာတော့ သီတင်းကျွတ် အထူးအစီအစဉ်မျိုး၊ တန်ဆောင်တိုင် အထူးအစီအစဉ်စသဖြင့် လုပ်သွားဖို့ရှိတယ်။ ဝယ်ယူမှုစနစ် ကတော့ ၄မျိုးရှိ တယ်။ M pay, Y pay, Pre paid card နဲ့ မိုဘိုင်းလ် ဖုန်းဘေလ်ပေါ့။ မြန်မာပြည်တွင်းက အနေနဲ့ဆိုရင်တော့  ဖုန်းဘေလ်နဲ့က အဆင်ပြေဆုံး ဖြစ်မယ်ထင်တယ်။ website  မှာ register ဝင်ပြီး ဝယ်ယူမှုစနစ်တွေထဲကမိုဘိုင်းလ်ဖုန်းစနစ်ကိုရွေးပြီး ဝယ်ယူမယ့် သီချင်းမှာ ကိုယ့်ဖုန်း နံပတ်ကို ရိုက်ထည့်လိုက်ရင် ဖုန်းထဲက ဝယ်သ လောက် ပိုက်ဆံဖြတ်သွား မယ်။တစ်ပုဒ် ကို ၃ဝဝ၊ တစ်ခွေ လုံးကို ၁၈ဝဝနဲ့ ရမယ်။ ဒါမှမဟုတ်ရင် လည်းဖုန်းကတစ်ဆင့် 18899 ကို SMS  မတ်ဆေ့ခ်ျပို့လိုက်ရင် ကိုယ့်ဖုန်း ထဲကို ဝယ်ယူတဲ့ သီချင်းရဲ့download link  ရောက်လာမယ်။ အဲဒီလိုမျိုး နှစ်မျိုးရှိတယ်။ အသေးစိတ်ကိုလည်း website မှာတင်ပေး ထားပါတယ်။
ရဲရဲ

credit popularmyanmar.com
28 Oct 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top