Cadillac Elmiraj Concept လို့အမည်ပေးထားတဲ့ကား ဖြစ် ပါတယ်။ ပြိုင် ဆလွန်းပါ။ ဒီဇိုင်း ပုံစံ သားနား မှု အတွက် မိတ်ဆက်ပြသ လိုက်တဲ့အချိန် ကစပြီး လက်တလော နာမည်ကြီးနေတဲ့ကား ဖြစ်ပါတယ်။

အဓိကထူးခြားချက်က ကားရဲ့တည်ဆောက်မှု ဒီဇိုင်းပုံစံ ဖြစ်ပြီး ထုတ်နေကျ Cadillac ရဲ့ဇိမ်ခံဆလွန်း စတိုင်နဲ့GT ပြိုင်ကား စတိုင် နှစ်မျိုးပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၄၅ဝဝ စီစီ ရှိပြီး ဆလင်ဒါ ၈ လုံးပူး တာဘို တပ် ကား ဖြစ်ပါတယ်။ မြင်းကေင်ရေအား ထုတ်လုပ်မှုက ၅ဝဝ ဝန်းကျင် ရှိပါတယ်။ လက်တလော ထုတ်လုပ်ထားမှုက လောင်စာ ဆီစားတဲ့ဗားရှင်းပါ။ နောက်မှ ဟိုင်းဘရစ်ကိုပါ မိတ်ဆက်ပေး မှာ ဖြစ်ကြောင်း ဆိုပါတယ်။

တံခါး နှစ်ပေါက် တပ်ဆင်ထားပြီး အတွင်းမှာတော့၎ ယောက်စီးနိုင်ပါ တယ်။ နောက်ခန်းကတော့၂ ဦးဆံ့ရုံဖြစ်ပြီး သိပ်မကျယ်ပါဘူး။ အဓိက က ရှေ့ခန်းကို ဦးစားပေးထားတာပါ။ ပြိုင်ကားမောင်းရတဲ့ခံစားချက် ကို လည်း ပေးချင်လို့ဖြစ်ပါတယ်။ တိုက်တေနီယမ်၊ ကာဘွန်ဖိုက်ဘာနဲ့စတီးတို့ကို အချိုးကျ ရောစပ်အသုံးပြုထားတဲ့ဘော်ဒီကြောင့် ပေါ့ပါးမှုလည်း ရှိတဲ့ကား ဖြစ်ကြောင်း ဆိုပါတယ်။ Cadillac Elmiraj Concept ကို ယခုနှစ်ကုန် ပိုင်းမှာ ဖြန့်ချိဖို့ရှိကြောင်း သိရပါတယ်။
.
Ref: autoblog

Colay:Automobile

0 comments:

Post a Comment

 
Top