အာဆင်နယ် ၀ – ၂ ချယ်လ်ဆီး
cva3
Capital One Cup 4th round အဖြစ် ချယ်လ်ဆီးအသင်းသည် လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်သည့်
အာဆင်နယ်အသင်း၏ အမ်းမရိတ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ဆီဇာအက်စ်ပီကျူတာ၊
မာတာတို့သွင်းဂိုးများဖြင့် (၂)ဂိုးပြန်အနိုင်ယူကာ နောက်တစ်ဆင့် 5th round သို့တက်ရောက်သွားသည်။
မော်ရင်ဟိုက ယခုပွဲတွင် သုံးနေကျလူစာရင်းမှ (၆)နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဆီဇာ၊ ဘားထရန့်၊
အက်ဆီယံ၊ မာတာ၊ ၀ီလျံ၊ ဒီဘရုန်းတို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်တွင် အီတူးကို တင်ကစားခဲ့သည်။
အိမ်ရှင်အာဆင်နယ်အသင်းကလည်း ဘန်တ်နာ၊ ကာဇိုလာ၊ ရမ်ဆေး၊ ၀ီလ်ရှိုင်းယား၊ ဗာမယ်လန်တို့ဖြင့်
ချယ်လ်ဆီးအသင်းအားရင်ဆိုင်ခဲ့သည်။
a1
နှစ်သင်းစလုံး လူငယ်များပါဝင်၍ ပွဲစသည်နှင့် ကစားပုံလျင်လျင်မြန်မြန်ရှိပြီး ကြည့်ကောင်းခဲ့သည်။
(၁၈)မိနစ်တွင် ဒီဘရိုင်ယန်ကန်ချက် ဂိုးသမားတည့်တည့်ရောက်သွားသလို အီတူး၏ကန်ချက် ဘေးထွက်
သွားခဲ့ပြီးချယ်လ်ဆီးတိုက်စစ်ဆင်လာသည်။ အာဆင်နယ်အသင်းကလည်း ဘန်တနာကန်ချက် ချယ်လ်ဆီး
နောက်တန်းမှ ပိတ်ဆို့နိုင်ခဲ့သည်။ (၂၄)မိနစ်တွင် အိမ်ရှင်နောက်တန်းမှ ဂျက်ကန်ဆန်၏ အမှားမှတစ်ဆင့်
အက်စ်ပီကျူတာက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးသမားဆီ ခေါင်းတိုက်ပြန်ပေးစဉ် ပျော့သွားချိန်တွင်
အက်ပီကျုတာက ဖြတ်ဝင်ပြီး သွင်းယူသွားခြင်းဖြစ်သည်။
a2
ဒုတိယပိုင်းစသည်နှင့် အာဆင်နယ်တို့ တိုက်စစ်မြှင့်တင်ရန် ကြိုးစားသော်လည်း ချယ်လ်ဆီးတန်ပြန်
တိုက်စစ်ကိုအတော်ထိန်းနေရသည်။ (၆၅)မိနစ်တွင် ယခုပွဲ၏ အကောင်းဆုံးကစားသမားဆု ရရှိသည့်
မာတာကဧရိယာထိပ်မှ လှလှပပကန်သွင်းယူပြီး ဒုတိယဂိုးကို ရယူပေးခဲ့သည်။ အာဆင်နယ်နှင့်တွေ့သည့်
(၅)ပွဲတွင်မာတာက(၄)ဂိုးမြောက် သွင်းယူနိုင်ခြင်းဖြစ်သည်။ ထို့နောက် အာဆင်ဝင်းဂါးက အိုဇေးလ်၊
ဂျီရော့တို့ဖြင့်လူစုံထုတ်ကာ ချေပဂိုးရရှိသော်လည်း ချယ်လ်ဆီးနောက်တန်းကို မကျော်ခဲ့၍အိမ်ကွင်းတွင်
(၂)ဂိုးပြတ်အရှုံးပေးခဲ့ရသည်။
a3
ပွဲကိုခြုံငုံသုံးသပ်ရပါက ချယ်လ်ဆီးအသင်းသည် မန်စီးတီးအသင်းနှင့်ကစားပြီး (၂၄)နာရီကြာတွင်
နောက်ထပ် အသင်းကြီးတစ်သင်းနှင့် ယှဉ်ပြိုင်ရသော်လည်း အရန်ကစားသမားများမှာ ပထမကစား
သမားများနီးပါးအတိုင်း ကစားနိုင်ခဲ့ပြီး သက်တောင့်သက်သာအနိုင်ရရှိခြင်းဖြစ်သည်။ မာတာကစားပုံ
အကောင်းဆုံးဖြစ်သလို ၀ီလျံ လုပ်အားနှုန်းကောင်းမွန်သည်ဟု ပြောရမည်။
မော်ရင်ဟိုက အာဆင်ဝင်းဂါး၏ အနီးပေးကစားပုံနည်းဗျုဟာကို ကျေညက်ပုံရပြီး ယခုပွဲတွင် ချယ်လ်ဆီး
ကစားသမားများကိုနေရာစိတ်စိတ်ထားကာ ကာဇိုလာတို့ကိုနေရာလွတ်သိပ်မပေးခဲ့၍ အာဆင်နယ်အသင်း
တိုက်စစ်အခက်တွေ့ခဲ့ရသည်။ ချယ်လ်ဆီးတန်ပြန်တိုက်စစ်ကိုလည်း တောင်ပံများထက် အာဆင်နယ်
အားနည်းသည့် ကွင်းလယ်ခံစစ်နေရာလွတ်များကို အသုံးချနိုင်ခြင်းမှာ ပွဲ၏အဓိကအချက်(၂)ချက်ဟု
သုံးသပ်မိပါသည်။ ယခုပွဲအနိုင်ကြောင့် မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကိုင်တွယ်ခဲ့သည့် ပွဲများ
အပါအ၀င် အာဆင်ဝင်းဂါးနှင့် (၉)ကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး (၅)ကြိမ်အနိုင်၊ (၄)ကြိမ်သရေ၊ ရှုံးပွဲမရှိ
စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့သည်။ 5th Round မဲခွဲမှုများကို အောက်တိုဘာ(၃၀)ရက်နေ့တွင်
ပြုလုပ်မည်ဖြစ်သည်။

Arsenal 0 - 2 Chelsea - Capital One Cup - All Goals & Highlights

0 comments:

Post a Comment

 
Top