First Look: Lamborghini Egoista Supercar (50th Anniversary Exclusive Edition)

အကယ်၍များ James Bond နဲ့ Batman တို့သာ အီတလီယံများ ဖြစ်မယ်ဆိုရင် မကြာသေးမှီ ရက်ပိုင်းအတွင်းကမှ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့တဲ့ Lamborghini Egoista ကို မောင်းနှင်နေကြမယ် ထင်ပါတယ်။ 

Lamborghini ၏ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် ထုတ်လုပ်ထားတဲ့ Egoista စူပါကားဟာ လေကြောင်းနည်းပညာကို အခြေခံပြီး အထူးထုတ်လုပ်ထားတဲ့ ၁ ယောက်စီး မော်တော်ယာဉ် ဖြစ်ပါတယ်။ 

မှန်ပါတယ်။ ၁ ယောက်စီးကား ဖြစ်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင်တော့ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ စူပါကားဖြစ်ပါတယ်။ စွမ်းဆောင်ရည် အပိုင်းသာမက ပုံစံဒီဇိုင်းပိုင်းမှာပါ Apache ရဟတ်ယာဉ်နဲ့ တူညီသယောင် ရှိနေပါတယ်။ 

ပဉ္စဂံပုံစံရှိ ယာဉ်မောင်းနေရာဟာ Apache ရဟတ်ယာဉ်ရဲ့ cockpit အတိုင်းပါပဲ။ မြင်းကောင်ရေ ၆၀၀ အားရှိတဲ့ ၅.၂ လီတာ စလင်ဒါ ၁၀ လုံးထိုး အင်ဂျင်ဟာလည်း ၀-၆၀ မိုင်နှုန်းကို ၂ စက္ကန့်အောက်နဲ့အရောက် ပို့ဆောင်ပေးနိုင်စွမ်း ရှိနေပါတယ်။ လေကြောင်းကဏ္ဍမှာ အဓိကထား သုံးစွဲတဲ့ အလူမီနီယံနဲ့ ကာဗွန်ဖိုင်ဘာတို့ကို အဓိကထားသုံးစွဲပြီး တည်ဆောက်ထားလို့ ပေါ့ပါးသွက်လက်ပြီး အမြင်ဆန်းလှပါတယ်။ 

ဒါဘာဟုတ်သေးသလဲ။ ယာဉ်မောင်းရဲ့ ထိုင်ခုံဟာ တိုက်လေယာဉ်မှူးတွေ အရေးပေါ်အခြေအနေမှာ ခုန်ထွက်သလို ခုန်ထွက်နိုင်အောင် ဖန်တီးထားပါတယ်တဲ့။ အရေးပေါ် အခြေအနေမှာ Eject နှိပ်လိုက်ရုံပါပဲတဲ့။ 

ဒါပေမယ့် သာမန် အခြေအနေမှာလည်း eject ခလုတ်က အသုံးဝင်ဖွယ် ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ Egoista ရဲ့ ယာဉ်မောင်းနေရာဟာ ကျဉ်းလွန်းတဲ့အတွက် ယာဉ်မောင်းအနေနဲ့ ကားထဲက ထွက်တဲ့အခါမှာ စတီယာရင်ကိုဖြုတ် ၊ မတ်တပ်ရပ်ပြီး ကားကိုကျော်ခွပြီးမှ ထွက်လို့ရမှာ ဖြစ်လို့ပါပဲ။ 

ဘယ်လိုပဲဆိုဆို Egoista ကို မလိုချင်သူ ရှိမှာမဟုတ်ပါဘူး။ Aventador တွေ ၊ LaFerreri တွေ ၊ McLaren P1 တွေနဲ့ ယှဉ်ရပ်ထားရင်တောင် အားလုံးက Egoista ကိုပဲ အာရုံစိုက်ကြမှာ သေချာပါတယ်။ ပြဿနာတစ်ခုတော့ ရှိနေပါတယ်။ 

ဘာလို့လဲဆိုတော့ Lamborghini အနေနဲ့ Egoista ကို ထုတ်လုပ်ရောင်းချ သွားမှာမဟုတ်ပဲ လူအများရဲ့ အိမ်မက်ထဲမှာသာ ရှိနေစေမှာ ဖြစ်နေလို့ပါပဲ။ 

Lamborghini Egoista နဲ့ အိမ်မက်ထဲမှာ ဆုံကြစို့လား။

credit myanmar consumer guide

0 comments:

Post a Comment

Top