Wearable
Technology တွေ ခေတ်စားလာတဲ့ ယနေ့အချိန်မှာ iWatch, Galaxy Gear, Sony
Smart Watch 2 လို စမတ်နာရီတွေကအစ Google Glass လို မျက်မှန်တွေအထိ
wearable ဘက်ကို အာရုံစိုက်ထုတ်လုပ်ဖို့ ကြိုးစားလာကြပါတယ်.။
မျက်မှန်တွေထဲမှာဆိုရင် Google Glass အပြင် အခြား Recon Jet လိုမျိုးတွေလဲ
ရှိနေပါသေးတယ်.။
Ion Glasses လို့ခေါ်တဲ့ ဒီမျက်မှန်ကတော့ သူ့ချည်းပဲအလုပ်လုပ်တာမျိုးမဟုတ်ဘဲ Smart Phone သို့မဟုတ် အခြား Bluetooth ကို Support ပေးတဲ့ Device တွေနဲ့ ချိတ်ဆက်ပြီးအလုပ်လုပ်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်.။ ဖုန်းခေါ်ခြင်း၊ဖုန်းကိုင်ခြင်း၊ စာဖတ်ခြင်း၊ Message ပို့ခြင်းလက်ခံခြင်း နဲ့ Notification ကြည့်ခြင်း၊ အင်တာနက်သုံးခြင်း စတာတွေကိုပါ လုပ်ပေးနိုင်ပါတယ်.။
Indigogo မှာ Campaign လုပ်ထားပြီးဖြစ်တဲ့ ဒီ Ion Glasses ဟာ 48 နာရီအတွင်း $ 15,0000 ပြည့်ခဲ့ရန် ဈေးကွက်ကိုဖြန့်ချီမှာဖြစ်ပါတယ်.။ အခြား Campaign တွေနဲ့ မတူတဲ့ထူးခြားချက်ကတော့ $79 တန် Ion Glasses တစ်လက်ကို မှာယူသူများအတွက် Campaign Successful ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ရှေ့နှစ်ဖေဖော်ဝါရီမှာ မှာယူသူလက်ထဲ အရောက်ပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်.။
Smart Glasses တစ်လက်အတွက် $79 .. မများလှပါဘူးနော်.။
www.hardwarezone.com.mm

0 comments:
Post a Comment