FIA GT Championship အတွက် ရည်ရွယ်ပြီး ဂျာမနီ Mercedes Benz မှာ CLK GTR ၂၆ စီး ထုတ်လုပ်ခဲ့ပါတယ်။ ယင်းထဲမှာမှ အမိုးပွင့် ကားဆိုလို ၆ စီးပဲ ပါဝင်ခဲ့ပါတယ်။

Street Legal car တန်းဝင်ပြီး ပြန်လည်ရောင်းချရာ တစ်စီးကို အမေရိကန်ဒေါ်လာ ၁.၅၄ သန်း တန်ပါတယ်။ ယနေ့ပေါက်ဈေးနဲ့ဆိုရင် ၂.၂ သန်း ရှိပါတယ်။ အင်ဂျင်ပါဝါ ၆၉ဝဝ စီစီ ဆလင်ဒါ ၁၂ လုံးပူး V အင်ဂျင်ကို အသုံးပြုပြီး ထုတ်လုပ်နိုင်တဲ့မြင်းကောင်ရေအားက ၆၅ဝ ရှိပါတယ်။ ဒီဇိုင်းပိုင်းကို ကြည့်ရင်လည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ထူးခြားပြောင်မြောက် နေပါတယ်။

တစ်နာရီ မိုင် ၂၁ဝ အထက်သွားပြီး ၁၉၉ရ ခုနှစ်က ကမ္ဘာ့အမြန်ဆုံး ကား ၁ဝ စီး စာရင်းမှာ ပါဝင်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးကား၊ ကမ္ဘာ့အလှဆုံး ကားများ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ယခု eBay ဝဘ်ဆိုဒ်မှာ ပုံပါ ကားတစ်စီးကို ရောင်းရန် လေလံတင်ထားတဲ့အတွက် စိတ်ဝင်စားသူ အလွန်များပြားနေကြောင်း သိရပါတယ်။


...
Ref: autoblog
Colay.Automobile

0 comments:

Post a Comment

 
Top