အရေးပါတဲ့ ပရိုဂရမ်ပတ်လမ်းတွေရဲ့ ထိန်းကျောင်းလမ်းညွှန်မှုဇုံဖြစ်ပါတယ်. ယခင် က Net Framework 4.5 မှ ယခု အခါ NET Framework 4.5.1 အထိ မြင့် တင် လာခဲ့ပါ ပြီး.
Programs တွေ ရဲ့ အနိမ့်အမြင့်ပြောင်းလဲမှုနဲ့ စနစ်ရဲ့ လုံခြုံရေးဆိုင်ရာ Command တွေကြောင့် Computer Windows တွေထဲမှာ Net framework Version အမျိုးမျိုး လိုအပ်လာပါတယ်
လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်အထိ ဒီပြဿနာရဲ့ အရိုက်အခတ် သိပ်မရှိခဲ့ပေမယ့် ဒီနေ့ခေတ် ထွက်ပေါ်လာတဲ့ အသစ်အသစ်သော Program တွေမှာတော့ Net framework ရဲ့ Verion အနိမ့်အမြင့်ဆိုင်ရာ ပြဿနာဟာ တော်တော်လေး သိသာထင်ရှားတဲ့ ကောင်းကျိုးဆိုးကျိုးတွေအဖြစ် ကြုံတွေ့လာရပြီ ဖြစ်ပါတယ် ဒါကြောင့်လည်း ဒီနှစ်ပိုင်းအတွင်းမှာ
Update အဖြစ်ဆုံး ဆော့ဝဲတွေကို Install လုပ်တဲ့အခါ .Net Framework 4.5 မရှိတဲ့အတွက် ပရိုဂရမ်ဟာ Install လုပ်လို့မရတာတွေ Install လုပ်လို့ ရ ရင်တောင် မှ အဆင်ပြေပြေသုံး လို့ မရ ပဲ Windows ရဲ့မြန်ဆန်သွက်လက်မှုကို ပျက်စီးစေတာတွေ ကြုံလာရတာဖြစ်ပါတယ် ကဲ ကျွန်တော် လည်း သီတင်းကျွတ် မီးထွန်း ပွဲ တော် မှာ အပျော်လွန် ပြီး Post တောင် မရေးဖြစ် ဘူး ဒီ Post မှာတော့ အဲဒီလိုပြဿနာမျိုးကြုံလာတဲ့ သူငယ်ချင်းတွေအတွက် အလွယ်တကူ ရှာဖွေနိုင်အောင် နဲ့ Net Framework 4.5.1 Final ကို တင်ပေးထားပါတယ်ဗျာ. Net Framework ကို မူရင်း Website မှာဒေါင်းယူမယ်ဆိုရင် IP သတ်မှတ်ချက်တွေ Download Limit ထိန်းချု့ပ်ထားမှုတွေကြောင့် အဆင်မပြေတာမျိုးတွေ ဖြစ်တတ်လို့ပါ ကျွန်တော် သီးသန့် တင်ပေးလိုက် ပါတယ်. ကျွန်တော် Blog ရဲ့ Post တွေ မှာ Password ခံ ထား တာ ရှိပါတယ်. Password ကို လည်း Blog ရဲ့ ဘယ်ဘက် မှာ ရှိတဲ့ rar and Zip File Unlocker ဆိုတဲ့ ပုံ ကို Click ပြီး Password ယူနိုင်ပါတယ်. ဒါပေမဲ့ တချို့ သော လူငယ် တွေ ဟာ နည်းပညာ နဲ့ အလှမ်း ဝေးတာ တစ်ကြောင်း မသိနားမလည် လေ့လာ နေဆဲ ဖြစ်တာကြောင့် Password အခက်အခဲ ရှိ ကြ ပါတယ်. ဒါကြောင့် ကျွန်တော် ဒီ Post နဲ့ အတူ Password ပါ ပြန် တင်ပေးလိုက် ပါတယ်.
Net Framework ကို Install လုပ်မယ်ဆိုရင် မဖြစ်မနေလိုအပ်တဲ့ စနစ်နဲ့ Hardware တွေကတော့
အောက်မှာ ရေးပေးထားပါတယ်
Processor - 1GHz နဲ့အထက် အမြန်နှုန်းရှိရပါမယ်
RAM ကတော့ 512Mb နဲ့အထက်ဆိုရင် ရပါတယ်
Hard disk ကတော့ 32bit ၀င်းဒိုးမှာဆိုရင် 850Mb နေရာလွတ်လိုအပ်ပြီး 64bit ၀င်းဒိုးအတွက်တော့
2G နဲ့အထက် နေရာလွတ် လိုအပ်ပါတယ်
အသုံးပြုနိုင်တဲ့ ၀င်းဒိုးအမျိုးအစားတွေကတော့
Windows 7 Service Pack 1, Windows Server 2008 R2 SP1, Windows Server 2008 Service Pack 2, Windows Vista Service Pack 2
Windows Vista SP2 (x86 and x64)
Windows 7 SP1 (x86 and x64)
Windows Server 2008 R2 SP1 (x64)
Windows Server 2008 SP2 (x86 and x64)
တွေ ဖြစ်ပါတယ်
Windows 8 နဲ့ Windows 8.1 မှာတော့ Built In ပါလာပြီးသားမို့ မလိုအပ်ပါဘူး
တကယ်လို့ .Net Framework 4.5.1 လိုတယ်လို့ Message တက်ခဲ့ရင်လည်း ဒီဆော့ဝဲကို Install လုပ်နိုင်ပါတယ်.
NET Framework 4.5.1 Final | 66.88 MB
Thank you for Download.
0 comments:
Post a Comment