Note 3 က ပထမဦးဆုံးလမှာ အလုံးရေ ၅သန်းသာ ရောင်းရ

====================

မကြာသေးမီကမှ ထွက်ရှိထားတဲ့ Samsung Galaxy Note 3 ဟာ ရောင်းချပြီး ပထမလမှာ အလုံးရေ ငါးသန်းခန့်သာ ရောင်းရခဲ့ပါတယ်။ Galaxy S4 ကတော့ အလုံးရေ သန်းလေးဆယ်ခန့် ရောင်းရခဲ့ရပြီး အခုအခါ ၀ယ်လိုအား နည်းသွားပြီ ဖြစ်ပါတယ်။ Galaxy Note စထွက်တုန်းကတော့ အလုံးရေ ငါးသန်းရောင်းရဖို့ ငါးလလောက် ကြာမြင့်ခဲ့ပြီး မြန်မာပြည်မှာ အခုတော်တော်များများ သုံးနေကြတဲ့ Galaxy Note 2 ကလည်း ပထမဦးဆုံး ရောင်းချခဲ့တဲ့လ မှာတင် အလုံးရေ ၃သန်းခန့် ရောင်းချခဲ့ရတာပါ။

Samsung Galaxy S4 ကတော့ ထွက်ရှိပြီး ပထမဦးဆုံးလ မှာတင် အလုံးရေ ၁၀သန်းခန့် ရောင်းခဲ့ရပါတယ်။  အဆိုပါ Galaxy Note 3 ဟာ မြန်မာပြည်ဈေးကွက်မှာ ၇သိန်းကျပ် ၀န်းကျင်ရှိနေပြီး Galaxy S4 ကတော့ ငါးသိန်းကျော် ဖြစ်ပါတယ်။

Ref: GSM ARENA

Kangyi ( @[384466751661427:274:Myanmar Consumer Guide] ) 

Kangyi ( Myanmar Consumer Guide )

0 comments:

Post a Comment

Top