၆ လ အတွင်း Samsung ရဲ့ Galaxy S4 အလုံးရေ သန်း ၄၀ ကျော် ရောင်းရ

ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယားအခြေစိုက် Samsung ရဲ့ Galaxy S4 စမတ်ဖုန်းဟာ ထွက်ရှိခဲ့တာ ခြောက်လကြာပြီးနောက် ကမ္ဘာနဲ့အ၀ှမ်းမှာ အလုံးရေ သန်းလေးဆယ်ကျော် ရောင်းချခဲ့ရပါတယ်။ 

လက်ရှိသုံးစွဲသူတွေအနေနဲ့ Battery ပြဿနာအပါအ၀င် Galaxy S4 မှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် အခုထွက်လာတဲ့ ရလဒ်ကတော့ အထင်ကြီးစရာပါ။

၂၀၁၁ ခုနှစ်တုန်းက Samsung ရဲ့ Galaxy Notes တွေဟာ အလုံးရေ ၃၈သန်းလောက် ရောင်းချခဲ့ရပြီး အခုအခါ Galaxy S4 ကတော့ အဆိုပါ စံချိန်ကို ချိုးနိုင်ခဲ့ပါပြီ။ MCG ပရိသတ်ထဲမှာရော Galaxy S4 ကိုင်တဲ့သူတွေ ဘယ်နှယောက်လောက် ရှိလဲဗျ?
---
Ref: Engadget
Kangyi (Myanmar Consumer Guide)
 
Kangyi (Myanmar Consumer Guide

0 comments:

Post a Comment

Top