## Sony က ထုတ်လုပ်လိုက်သော နောက်ဆုံးပေါ် ကင်မရာ Action Cam HDR-AS30V ##

Wai Phyo Aung | HardwareZone Myanmar

Sony ကနေပြီး သူ့ရဲ့နောက်ဆုံးပေါ် Action Cam, HDR-AS30V ကို မိတ်ဆက်လိုက်ပါတယ်။ wearable video camera ဖြစ်ပြီး ဒီ ကင်မရာမှာ GPS , Live-View Remote စတဲ့ features တွေပါဝင်တာကို တွေ့ရပါတယ်။ ဒီ camera ဟာ Full HD movie clips တွေကို capture လုပ်ရာမှာ ကောင်းမွန်တာကို တွေ့ရပါတယ်။ photos တွေကို လည်း ရိုက်ကူးရာမှာ အဆင်ပြေတာကို တွေ့ရပါတယ်။

သူ့ရဲ့ waterproof housing design ကြောင့် ဒီ ကင်မရာဟာ သူ့ရဲ့ predecessor ထက် 35%  ပိုပေါ့ပါးပြီး 25% ပိုသေးတာကို တွေ့ရပါတယ်။ သူ့ရဲ့ ပါးလွှာတဲ့ design ကြောင့် လေတိုက်များတဲ့ နေရာမှာပါ ရိုက်ကူးရ အဆင်ပြေတာကို တွေ့ရပါတယ်။ ဒါကြောင့် တောင်စောင်းနေရာတွေ နဲ့ နှင်းထူထပ်တဲ့ နေရာတွေမှာ ရိုက်ကူးရတာ အဆင်ပြေတာကို တွေ့ရပါတယ်။

သူ့မှာပါဝင်တဲ့ view က 170 degree ရှိတဲ့အပြင် wide-angle Carl Zeiss Tessar lens ကို အသုံးပြုထားတဲ့အတွက် landscapes ပုံတွေကို ရိုက်ကူးရာမှာ အလိုအလျှောက် ဆက်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် back-illuminated Exmor R CMOS sensor ကို အသုံးပြုထားတဲ့အတွက် လှပတဲ့ Full HD တွေကို ရိုက်ကူးရာမှာ အဆင်ပြေစေတာကို တွေ့ရပါတယ်။

ဒီ ကင်မရာမှာ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရိုက်ကူးဖို့ super-smooth Full HD 60p/50p mode feature အပြင် အခြား feature တွေ ဖြစ်တဲ့ choice of recording modes နဲ့ slow-motion mode နှစ်ခုတို့ပါဝင်တာကို တွေ့ရပါတယ်။

Action Cam ဟာ 11.9-megapixel ရှိတဲ့ photos တွေနဲ့ HD movies တွေကို လွယ်လွယ်ကူကူနဲ့ ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ သူ့မှာပါဝင်တဲ့ features အသစ်ကြောင့် image ကို upside ကနေပြီး down အထိရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ ကင်မရာကို ပြောင်းပြန်အနေအထားကနေပြီး လွယ်လွယ်ကူကူ နဲ့ ရိုက်ကူးနိုင်တာကို လည်း တွေ့ရပါတယ်။

Sony ရဲ့ PlayMemories app ကိုအသုံးပြုပြီး Wi-Fi ကနေတစ်ဆင့် Action Cam ကို smartphone နဲ့ ချိတ်ဆက်ကာ image တွေကို share လုပ်တာတို့ transfer လုပ်တာတို့ လုပ်နိုင်တာကို တွေ့ရပါတယ်။ ဒီ ကင်မရာမှာ NFC one-touch connection support ပါဝင်တာကို လည်း တွေ့ရပါတယ်။

 ဒီ Sony ရဲ့ Action Cam ကင်မရာမှာ ပါဝင်တဲ့ embedded GPS နဲ့ PlayMemories တွေကြောင့် photo ရိုက်ကူးတဲ့နေရာမှာရော photo ကို ပြန်ကြည့်တဲ့နေရာမှာပါ user ကို enjoy ဖြစ်စေမှာတော့ အသေအချာဘဲ ဖြစ်ပါတယ်။ USB port လည်းပါဝင်တဲ့အတွက်ကြောင့် PC နဲ့ ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ ပုံတွေကို transfer လုပ်နိုင်တာကိုလည်း တွေ့ရပါတယ်။

ဒီ Sony ရဲ့ Action Cam HDR-AS30V ကို Sony stores , Sony Centres တွေနဲ့ authorized dealers တွေမှာ ၀ယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။

www.hardwarezone.com.mm

0 comments:

Post a Comment

Top