Sony မှ SmartWatch 2 ကို ထုတ်ဖော်ပြသ။ Galaxy Gear အား ထိပ်တိုက် ယှဉ်ပြိုင်တော့မည်။

စမတ်ဖုန်းတွေသာမက စမတ်နာရီတွေ အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ ခေတ်ကြီးမှာ Sony ကလည်း ၎င်းတို့ရဲ့ SmartWatch 2 ကို စင်ကာပူမှာ မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။

မကြာသေးမီက ဂျာမနီမှာ ကျင်းပခဲ့တဲ့ IFA 2013 ပွဲမှာတုန်းက ရေစိုခံပြီး NFC(Near Field Comunication) စနစ်ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်နာရီကို ပွဲထုတ်ခဲ့ပါသေးတယ်။ သင့်ရဲ့ဟန်းဖုန်း (စမတ်ဖုန်း) နဲ့အဝေးကို ရောက်နေတဲ့အချိန်မှာ လက်မှာပတ်ထားတဲ့ နာရီကနေ လုပ်ဆောင်ချက် တော်တော်များများကို လုပ်ဆောင် ပေးနိုင်ခြင်းဟာ စမတ်နာရီ (SmartWatch) ပဲဖြစ်ပါတယ်။ 

မျက်နှာပြင်ကျယ်ကျယ်ဖုန်းတွေ ခေတ်စားလာပြီး လူတော်တော် များများကလည်း Phablet တွေကို နှစ်ခြိုက်လာကြတဲ့ အချိန်မှာ အဆိုပါ Phablet ကြီးတွေက သွားလေရာ အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ ဥပမာ ကျောပိုးအိတ်ထဲ ရောက်နေတာတို့၊ စလင်းဘက်အိတ်ထဲ ရောက်နေတာတို့ ဆိုရင် ဒီလိုစမတ်နာရီလေး တစ်လုံးကို လက်မှာပတ်ထားရုံနဲ့ သင့်စမတ်ဖုန်းကို ချိတ်ဆက်ပြီး အမိန့်ပေးခိုင်းစေ နိုင်မှာဖြစ်ပါတယ်။

Sony ရဲ့ SmartWatch 2 ဟာ အန်းဒရွိုက် OS အသုံးပြုထားတာပဲ ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Features တွေ သုံးစွဲနိုင်ရန်အတွက် SmartWatch Apps ပေါင်းများစွာကိုလည်း စီစဉ်ပေးထားပါတယ်။ ဖုန်းကိုင်တာ၊ မကိုင်တာ တွေကို စမတ်နာရီကနေ အသာအယာပဲ လုပ်ဆောင်နိုင်သလို ဖုန်းဝင်လာတာ၊ Message ၀င်လာတာနဲ့ Noti တွေ တက်လာတဲ့အခါ သတိပေးတဲ့အနေနဲ့ တုန်ခါမှုစနစ် ပါဝင်လာပါတယ်။ 

သီချင်းတွေ အပိတ်အဖွင့်၊ အသံအတိုးအကျယ်နဲ့ သီချင်းရွေးချယ်မှု စတာတွေကိုလည်း လုပ်ဆောင်နိုင်တဲ့ အပြင် SmartWatch ကနေတစ်ဆင့် မြေပုံကိုကြည့်ရှုပြီး ဘယ်နေရာမှာ ကားပိတ်နေတယ်၊ ဘယ်နေရာမှာ ဘာဖြစ်နေတယ် စတာတွေကိုပါ သိရှိနိုင်မှာပါ။ ဒီစမတ်နာရီဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားခြင်း မရှိတဲ့ အချိန်မှာတောင် တော်တော်အသုံးဝင်တဲ့ SmartWatch တစ်ခုဖြစ်ပါတယ်။ 

ကိုယ်ကာယ ကြံခိုင်ရေး လှုပ်ရှားမှု (Fitness Activities) တွေအတွက် App စီစဉ်ပေးထားသလို Message ဖတ်တာ၊ အီးမေးလ်စစ်တာနဲ့ Noti တွေကို ဖုန်းနဲ့ ချိတ်ဆက်မှု မရှိသော်လည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Sony SmartWatch 2 ကို လက်လီရောင်းချတဲ့ ဈေးနှုန်းကတော့ Black Metallic လက်ပတ်နဲ့ဆိုရင် စင်္ကာပူ ဒေါ်လာ ၃၃၈၊ Black Silicone လက်ပတ်နဲ့ ဆိုရင် စင်္ကာပူ ဒေါ်လာ ၂၈၈ ကျသင့်ပါတယ်။

သားရေ လက်ပတ်ကြိုးအရောင် ကတော့ အနက်နဲ့ အညိုရောင် ဟူ၍နှစ်မျိုး ရှိကာ ဆီလီကွန်လက်ပတ် ဆိုရင်တော့ ရောင်စုံရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာရီလက်ပတ်ကြိုးတွေဟာ အခြားအမျိုးအစားတူ 24mm တွေနဲ့လည်း အစားထိုးလဲလှယ် ၀တ်ဆင်နိုင်ပြီး Sony စတိုးဆိုင်တွေမှာ ၀ယ်ယူနိုင်ပါပြီ။
---
Kangyi @[384466751661427:274:Myanmar Consumer Guide])
 
Kangyi Myanmar Consumer Guide)

0 comments:

Post a Comment

Top