ကျနော်ဒီရက်ပိုင်းမှာ Movies လေးတွေပြန်ကြည့်ဖြစ်ပါတယ်။ ကွန်ပျူတာသမားဆိုတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ကားတွေဆို ပိုပြီးစိတ်ဝင်တစားနဲ့ကြည့်ဖြစ်ပါတယ်။ "The Social Network", "Jobs" , "Internship" စသဖြင့်ပေါ့။ ဒီကားတွေမှာ ရှေ့ကား ၂ကားကတော့ အိုင်တီလောကရဲ့နာမည်ကြီး၂ယောက်ရဲ့ဘ၀တွေကို
ရိုက်ထားတာဖြစ်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဗဟုသုတတွေ ပြီးတော့
အိုင်တီသမားတစ်ယောက်ရဲ့ ကြိုးစားမူတွေကိုတွေ့မြင်ခံစားရမှာဖြစ်ပါတယ်။
ကျနော်အခုပြောချင်တာကတော့ "Internship" ဆိုတဲ့ကားလေးပါ။ ဇာတ်လမ်းလေးကတော့
သူငယ်ချင်း ၂ယောက် အလုပ်ပြုတ်သွားတဲ့နောက် Google မှာ Intern
အဖြစ်ဝင်လုပ်တဲ့ကားလေးပါ။ အသက်ခပ်ကြီးကြီး သူငယ်ချင်း ၂ ယောက်အနေနဲ့ အသက်
၂၀ ကျော် ကလေးတွေနဲ့ Google မှာကြိုးစားကြပုံတွေကိုရိုက်ပြထားတာပါ။
အဲဒီမှာ Google ရဲ့ သူတို့ရဲ့ အလုပ်သမားတွေအပေါ် ဘယ်လိုဂရုစိုက်တာ
အလေးထားတာတွေပါ ပြသသွားပါတယ်။ ပြီးတော့ အိုင်တီသမားတွေ
အလုပ်ဘယ်လိုလုပ်သင့်လည်းဆိုတာလည်း ထောက်ပြထားပါတယ်။ ဘ၀မှာ အခက်အခဲတွေ့လာရင် မလျော့သောဇွဲနဲ့ ကြိုးစားသင့်ပုံလေးကိုလည်း ဒီကားလေးမှာတွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် အိုင်တီပညာကိုလေ့လာလိုက်စားနေတဲ့သူတွေအတွက် အချိန်ရတယ်ဆိုရင် ဒီကားလေးကိုကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။
ကြည့်မယ်ဆိုတဲ့သူတွေအတွက် ကြည့်ဖို့လင့်လေးကိုပါထည့်ပေးလိုက်ပါတယ် ခင်ဗျာ။
http://viooz.co/movies/19780-the-internship-2013.html
ကျနော်အခုပြောချင်တာကတော့ "Internship" ဆိုတဲ့ကားလေးပါ။ ဇာတ်လမ်းလေးကတော့ သူငယ်ချင်း ၂ယောက် အလုပ်ပြုတ်သွားတဲ့နောက် Google မှာ Intern အဖြစ်ဝင်လုပ်တဲ့ကားလေးပါ။ အသက်ခပ်ကြီးကြီး သူငယ်ချင်း ၂ ယောက်အနေနဲ့ အသက် ၂၀ ကျော် ကလေးတွေနဲ့ Google မှာကြိုးစားကြပုံတွေကိုရိုက်ပြထ
ဒါကြောင့် အိုင်တီပညာကိုလေ့လာလိုက်စားနေတဲ့သူတွေအတွက် အချိန်ရတယ်ဆိုရင် ဒီကားလေးကိုကြည့်ကြည့်ဖို့တိုက်
ကြည့်မယ်ဆိုတဲ့သူတွေအတွက် ကြည့်ဖို့လင့်လေးကိုပါထည့်ပေးလု
http://viooz.co/movies/
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.