Latest

00:39 AM IOS 7.1 DOWNLOAD


General Electric မှ 3D Painting သို့မဟုတ် Cold Spray နည်းပညာတို့ကို အသုံးပြုပြီး သတ္ထုပစ္စည်အပိုင်းအစတွေကို ပြုပြင်မယ့် စမ်းသပ်ချက်တွေကို လုပ်ဆောင်နေပါပြီ။ စမ်းသပ်ချက်တွေအရ လုပ်ဆောင်မှုတွေကတော့ Metal Powder တွေကို High Speeds (အသံမြန်နှုန်း Mach 4) ဖြင့် Spray လုပ်ပြီး ပျက်စီးနေတဲ့ သတ္ထုပစ္စည်းတွေကို ပြုပြင်မှာဖြစ်ပါတယ်။ 3D Painting ကိုတော့ ပြုပြင်မယ့် သတ္ထုကိုယ်ထည် တည်ဆောင်တဲ့ နေရာမှာအသုံးပြုမှာဖြစ်ပါတယ်။ 3D Painting နည်းပညာဟာ GE ရဲ့ ကုန်ထုတ်လုပ်မှုမှာ အဓိကလုပ်ဆောင်နေတဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ်။ GE Research Center မှ ပြောကြားချက်အရ 3D Painting နည်းပညာဟာ စက်ဖြင့် ဖြတ်တောက်ခြင်း၊ Welding ပြုလုပ်ခြင်းတွေ မလိုအပ်ပဲ လိုအပ်တဲ့ သတ္ထုပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက်ပုံစံဖြင့် တည်ဆောင်နိုင်စေရုံသာမဟုတ်ပါဘူး။ ထုတ်လုပ်ပြီးသား သတ္ထုပစ္စည်းတွေကိုလည်း သူတို့ရဲ့ နဂိုသတ်မှတ်ထားတဲ့ သက်တမ်းထက် ပိုပြီး ကြာရှည်ခံနိုင်အောင် ပျက်စီးယိုယွင်းလာတဲ့အခါ ပြုပြင်တဲ့ နေရာမှာလဲ အကျိုးရှိစွာ အသုံးချနိုင်တာဖြစ်ပါတယ်။ နောက်အားသာချက် တစ်ခုကတော့ 3D painting နည်းပညာကို အသုံးပြုတဲ့အခါမှာ အပူဓာတ် မလိုအပ်ခြင်းပဲဖြစ်ပါတယ်။ အပူဓာတ်အစားကို Cold Spray ကိုအသုံးပြုထားပါတယ်။ GE researcher တွေ အနေနဲ့ အခုလောလောဆယ် ကြိုးပမ်းအားထုတ်မှုတွေဟာ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ စက်ရုံတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီနည်းပညာကို အသုံးပြုလိုက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုအချိန် နဲ့ ပြုပြင်ထိန်းသိမ်းစရိုက်တွေ လျော့ကျသွားဖို့ ပဲဖြစ်ပါတယ်။ Cold Spray နည်းပညာကို လေ့လာလိုလျှင်

11 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top