Latest

00:39 AM IOS 7.1 DOWNLOAD




ပြီးခဲ့သည့်နှစ်ဘောလုံးရာသီများတွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ မကျော်နိုင်ဖြစ်နေခဲ့သော မန်စီးတီးအသင်းမှာ ယနေ့နံနက်အစောပိုင်းက ရုရှားကလပ်CSKA မော်စကိုအား (၅-၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် (၁၆)သင်းရှုံးထွက် အဆင့်ဆီသို့ အသင်းသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ထိုပွဲတွင် မန်စီးတီးအ တွက် အာဂျင်တီးနားတိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးက (၂)ဂိုး၊ ယခုနှစ်နွေမှ ရောက်လာခဲ့သူ စပိန်တိုက်စစ်မှူးနက် ဂရီဒိုက ဟတ်ထရစ်(၃)ဂိုးသွင်းပေးခဲ့ကြခြင်းဖြစ်သည်။ နက်ဂရီဒိုအတွက် အဆိုပါဟတ်ထရစ်မှာ ဆီဗီးလားမှ ပြောင်းလာပြီးနောက် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။“ ဒီနေ့ဟာအသင်းအတွက် ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ချန်ပီယံလိဂ်(၁၆)သင်းရှုံးထွက် အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါပြီ။ အဂွဲရိုးနဲ့ နက်ဂရီဒိုတို့ဟာ အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ကလည်း ရုရှားပရိသတ်တွေကို ဘောလုံးပွဲတစ်ပွဲအားပေးတာ ဘယ်လိုမျိုး လည်းဆိုတာကို သင်ပြပေးနိုင်ခဲ့တယ်”ဟု အသင်းခေါင်းဆောင် ယာယာတိုရေးက အသင်းအောင်ပွဲအတွက် ၀င့်ကြွားရင်းနှင့် ရုရှားပရိသတ်များက ၄င်းအပေါ်လှောင်ပြောင်ခဲ့မှုများကိုလည်း တုံ့ပြန်စကားဆိုခဲ့သည်။မန်စီးတီးမှာ အုပ်စုပွဲစဉ်များပြီးဆုံးရန် (၂)ပွဲအလိုတွင် (၉)မှတ်ရရှိထားကာ တတိယနေရာမှ CSKAမော်စကိုအား (၆)မှတ်ဖြတ်ထားနိုင်သဖြင့်   ထိပ်တိုက်တွေ့ဆုံမှုအရလည်း နှစ်ကျော့ပေါင်းအသာရနေခြင်းကြောင့် (၁၆)သင်းအဆင့်တက်နိုင်ခဲ့ မန်စီးတီးမှာ လက်ကျန်(၂)ပွဲတွင် ဗစ်တိုးရီးယားပလာဇန်အား အိမ်ကွင်းနှင့် ဘိုင်ယန်မြူးနစ်အား အ ဝေးကွင်းတွင်ရင်ဆိုင်ရမည်ဖြစ်သည်။


06 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top