article-0-194206F200000578-738_634x406
လက်ရှိ ကမ္ဘာ့အဆင့် (၁) စနူကာ ချန်ပီယံ၊ သြစတြေးလျ နိုင်ငံသား နီးလ် ရော်ဘတ်ဆန်မှာ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီး အသင်းခေါင်းဆောင် ဂျွန် တယ်ရီနှင့် ယှဉ်ပြိုင်ခဲ့ကြသည်..။ ယခုရက်ပိုင်းအတွင်း အခြားနာမည်ကျော် ကစားသမားများ ဖြစ်ကြသော ရာဖာလ် နာဒယ်လ်၊ အင်ဒီ မာရေးတို့လည်း ချယ်လ်ဆီးအသင်းသို့ လာရောက်ခဲ့ကြသည်…။
မနေ့က ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့သည့် ကမ္ဘာ့အဆင့် (၁) စနူက ချန်ပီယံ နီးလ် ရော်ဘတ်ဆန်မှာ ချယ်လ်ဆီးအသင်း အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး သူ့အား ရှာကယ်လ်အသင်းကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် အသင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်..။
မကြာမီ ယှဉ်ပြိုင်တော့မည့် အင်္ဂလန် တံခွန်စိုက်ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ရော်ဘတ်ဆန်မှာ ဂျွန် တယ်ရီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အသင်းခေါင်းဆောင်၏ စနူကာ လက်စွမ်းကို ယခုလို ချီးကျူးသွားခဲ့သည်..။
“ကျွန်တော်ရဲ့ အစီအစဉ်က ဒီကိုစောစောလာမယ်.. ကစားသမားတွေနဲ့တွေ့ပြီး စောစောပြန်ဖို့ပါပဲ..။ မထင်မှတ်ပဲ တယ်ရီနဲ့ အကြိတ်အနယ် ကစားလိုက်ရတယ်..။ သူရဲ့လက်စွမ်းက ကျွန်တော်ထင်ထားတာထက် ပိုကောင်းတာပဲဗျ..။”  

ဘိလိယက်၊ စနူကာ ကစားနည်းတွင် လက်ရှိအသင်း၌ ဂျွန် တယ်ရီမှာ အကောင်းဆုံးဖြစ်ပြီး မနေ့က ကမ္ဘာ့ချန်ပီယံနှင့် ယှဉ်ပြိုင်ရာတွင်လည်း ပွဲငယ်တစ်ပွဲ အနိုင်ရအောင် ကစားနိုင်ခဲ့သည်ဟု ဆိုသည်..။ စနူကာ ပွဲအပြီးတွင် ရော်ဘတ်ဆန်မှာ အသင်း၏လေ့ကျင့်ခန်း အစီအစဉ်အား ကြည့်ရှုပြီး ဂျူအန် မာတာနှင့်အတူ ဘောလုံးအထိန်းအသိမ်း လေ့ကျင့်ခဲ့သည်..။
သူကတစ်နိုင်ငံသားဖြစ်သည့် ဂိုးသမား မာ့ခ် ရှဝါဇာအား ချယ်လ်ဆီးအသင်းက ခေါ်ယူခဲ့ခြင်းကို အလွန်သဘောကျခဲ့ကြောင်း၊ ရှဝါဇာနှင့် ဆုံတွေ့ခဲ့ရခြင်းကိုလည်း ကျေနပ်မိကြောင်း ပြောကြားခဲ့သည်..။ ထို့နောက် ဂီယန် ဖရန်ကိုဇိုလာကြောင့် ချယ်လ်ဆီး ပရိသတ်ဖြစ်လာရသည့်အကြောင်းကို ယခုလို ပြောပြခဲ့သည်..။
“နောဝစ်ခ်ျနဲ့ FA ဖလားပွဲကို ကျွန်တော်အမှတ်ရနေတယ်..။ ဇိုလာက ထောင့်ကန်ဘောကို နောက်ပေါက်နဲ့ မြေမကျ အနီးတိုင်ထဲ ကန်သွင်းလိုက်တာ ကျွန်တော် ပါးစပ်အဟာင်းသား ဖြစ်သွားတာပဲ..။ တကယ့် အံ့သြစရာပဲလို့ ပါးစပ်ကတောင် ရွတ်မိသေးတယ်..။
အဲဒီအချိန်က အေဘရာမိုဗစ်ခ်ျလည်း အသင်းကို မ၀ယ်သေးဘူးဗျ..။ ကျွန်တော့်ရဲ့မိတ်ဆွေ စနူကာသမားတွေက မင်းတို့အသင်း ဘယ်တော့မှ ချန်ပီယံဖြစ်မှာ မဟုတ်ပါဘူးလို့ ပြောကြတယ်..။ နောက်နှစ်အေဘရာမိုဗစ်ခ်ျလည်း ၀ယ်ပြီးရော သူတို့က ကျွန်တော့်ကို မြောက်ကြွ၊ မြောက်ကြွ ဖြစ်နေတယ်လို့ ပြောကြတယ်ဗျ..။
အဲဒီနောက်ပိုင်းမှာ အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်သွားပြီး အသင်းနဲ့ ပတ်သက်သမျှ အားလုံးကို အမြဲမျက်ခြေမပြတ် လေ့လာခဲ့တယ်.။ လူငယ်အသင်းတွေအကြောင်းပါ မချန်ဘူးဗျ..။ ဒါ့ကြောင့်အခုလို ဂျွန် တယ်ရီ၊ အော်စကာ၊ မာတာ၊ ရှဝါဇာတို့နဲ့ ဆုံတွေ့ခွင့် ရခဲ့တာ ကျွန်တော့်အတွက် အရမ်းကို ပျော်စရာကောင်းတဲ့ အခွင့်အရေးလို့ ပြောရမှာပါ..။”
ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမားဖြစ်သူ စပိန်နိုင်ငံသား ရာဖာ နာဒယ်လ်မှာလည်း ဗုဒ္ဓဟူးနေ့က ရှာကယ်လ်အသင်းနှင့် ယှဉ်ပြိုင်သည့် ချန်ပီယံလိဂ် ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး ပွဲအပြီး အ၀တ်လဲခန်းထဲသို့ လာရောက်ခါ ကစားသမားများအား နှုတ်ဆက်ခဲ့သည်..။ အလားတူပင် လက်ရှိဝင်ဘယ်လ်ဒန်နှင့် အိုလံပစ် ချန်ပီယံ အန်ဒီ မာရေးမှာလည်း ယခင်အပါတ်က ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းသို့ လာရောက်လေ့ကျင့်ခဲ့သေးသည်.။

ရာဖာလ် နာဒယ်လ်နှင့် ချယ်လ်ဆီးကစားသမားများ

ချယ်လ်ဆီးအသင်းတွင် လေ့ကျင့်ခန်းဆင်းခဲ့သည့် အင်ဒီ မာရေး
credit  mmchelsea


0 comments:

Post a Comment

 
Top