Latest

00:39 AM IOS 7.1 DOWNLOAD


ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုချီးမြင့်ပွဲကို လာမည့် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ကျဉ်းပမည် ဖြစ်ရာ ဘောလုံးနယ်ပယ်တွင် သြဇာရှိသူနှင့် အကျော်အမော်များ၏ ထင်မြင်ချက်များလည်း ထွက်ပေါ်လာနေ ကြပြီ ဖြစ်သည်။ ထုံးစံအတိုင်း စီရော်နယ်ဒိုနှင့် မက်ဆီတို့ပင်လျှင် တစ်ပေးခံရသူ စာရင်းတွင် အများဆုံး နေရာ ယူနေခဲ့ရာ ယခုတွင် အာဝင်းဂါးက စီရော်နယ်ဒိုသည် မက်ဆီထက် ကပ်၍ သာသွားနိုင်ကြောင်း ထင်မြင် ချက်ပေးခဲ့သည်။

သူ့ထင်မြင်ယူဆချက်ဖြင့် အလေးသာသည့် ကစားသမားကို ပြန်လည်ဖြေကြားရာမှာ “ဒါက ပြောလို့ ခတ်တဲ့ ကိတ်စပါ၊ မက်ဆီကတော့ ခုထိ အကောင်းဆုံး ကစားသမားအဖြစ် ရှိနေဆဲပဲလေ၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကိုကြည့် မယ်ဆိုရင် ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က သူ့ထက်ပိုပြီး ရှေ့ရောက်နေတယ်လို့ ထင်ပါတယ်၊ သူဟာ အရမ်းကို ထူးချွန်သူပါ” ဟု ပြန်လည် ဖြေကြားသွားခဲ့သည်။

ယခုနှစ်တွင် ရော်နယ်ဒိုသည် ပြိုင်ပွဲ အရပ်ရပ်၌ (24) ဂိုးထိ သွင်းယူထားပြီး မက်ဆီ၏ သွင်းဂိုးထက် (10) ဂိုးပိုသာနေသည်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို စီရောနယ်ဒိုက တစ်ကြိမ်ရရှိထားပြီး မက်ဆီက (4) ကြိမ်ဆက်တိုက် ရရှိထားသည်။ ဆုချီးမြင့်ပွဲကို ဇန်န၀ါရီ (13)ရက် နေ့တွင် ဆွတ်ဇာလန်နိုင်ငံ၌ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။
Written by မောရစ်


12 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top