Latest

00:39 AM IOS 7.1 DOWNLOAD

စံချိန်တင်ဝင်ငွေကြောင့် ဘိုင်ယန်ဥက္ကဌ၀မ်းသာမျက်ရည်ကျ
လာမယ့်နှစ်ကျရင် အခွန်တရားရေး ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်ဥက္ကဌ အူလီဟိုးနက်စ်ဟာ ကလပ်သမိုင်း ၁၁၃ နှစ်အတွင်း စံချိန်တင်ဝင်ငွေ ရရှိခဲ့တာကြောင့် ၀မ်းသာမျက်ရည် ကျခဲ့ပါတယ်။ အူလီဟိုးနက်စ်ဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမား၊ နည်းပြနဲ့အသင်းဥက္ကဌအဖြစ် နှစ်ပေါင်း ၄၀ကြာ ရှိခဲ့သူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါင် ၃၃၀ အမြတ်ရ ရှိခဲ့ပြီး ၂၀၁၁-၁၂ ရာသီကထက် ပေါင်သန်း ၅၀ကျော်လောက် ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။
article-2506892-1964C8F300000578-720_634x423 article-2506892-1964C9AE00000578-290_634x584
ဓာတ်ပုံ – အခမ်းအနားပွဲတွင် မျက်ရည်ကျခဲ့သည့် အူလီဟိုးနက်စ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလား ၃ လုံးကိုတစ်ရာသီအတွင်း ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ဂျာမနီကလပ်ဖြစ်ခဲ့တာကြောင့် စပွန်ဆာတွေ၊ ဈေးကွက်ဝင်ငွေတွေ ပိုမိုမြင့်မားစွာ ရရှိခဲ့ပြီး အမှတ်တရ အရောင်း ပစ္စည်းတွေကိုလည်း ဈေးနှုန်းမြင့်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ကလပ်အဖွဲ့ဝင် ၁၉၅၆၈၉ ကနေ ၂၂၃၉၈၅ အထိ  တိုးပွားလာခဲ့ကာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကလပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။


14 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top