ဈေးကွက်ထဲရောက်ရှိလာတဲ့ ဂိမ်းအမျိုးအစားတွေထဲမှာ အောင်မြင်မှုမရရှိခဲ့တဲ့ ဂိမ်းတွေရှိခဲ့ပါတယ်။ အဲ့ဒီဂိမ်းတွေထဲက  ဂိမ်းငါးမျိုးကို ဖော်ပြပေးချင်ပါတယ်။
                 (၁) Aliens: Colonial Marines

ဇာတ်လမ်းတွဲအနေနဲ့ ထွက်ရှိခဲ့ပြီး ဇာတ်ရုံတစ်ရုံလုံး အော်သံတွေ ညံနေအောင် ထိတ်လန့်စရာကမ္ဘာမြေအသွင် ခင်းကျင်းပြသခဲ့တဲ့ ဇာတ်ကားပါ။ စေတန်က သူ့ကိုယ်သူ ရှေ့နေလိုက်ထားတဲ့ ဇာတ်ကားပါ။ မထင်မှတ်ထားဘဲ ဂိမ်းတီထွင်သူတွေက ဒီဇာတ်ကားကို အခြေခံလိုက်တဲ့အခါမှာတော့ ဇာတ်ကားရဲ့ အလှအပအားလုံး တစ်ချီထဲနဲ့ ပွဲသိမ်းသွားပါတယ်။ ဒီဂိမ်းဟာ သေချင်စော်နံလောက်အောင် ပျင်းစရာ ကောင်းနေ ပါတယ်။
(၂)Final Fantasy: All the Bravest

အဓိကအပိုင်းအဖြစ်ပုံဖော်ခဲ့ပြီး ဂိမ်းထုတ်လုပ်တဲ့ စက်ရုံတွေက ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီမယ်လို့ယူဆခဲ့ပါတယ်။ ခင်းကျင်းပြသလိုက်တဲ့ အခါမှာတော့ တုန်လှုပ်စရာ ကောင်းလောက်အောင် ကျရှုံးခဲ့ပါတယ်။ ဂိမ်းကတော့ ဗျူဟာမမြောက်တဲ့ နည်းလမ်းတွေကြောင့် စိတ်ကျေနပ်မှု အပြည့်အ၀မပေးနိုင်ခဲ့ပါဘူး။ လုံလောက်တဲ့ ရွှင်လန်းအားတက်မှု မပေးနိုင်ခဲ့ပါဘူး။ တီထွင်သူတွေအနေနဲ့ ဒီဂိမ်းကို နမူနာယူပြီး ဒီ့ထက်ကောင်းတာ ထွင်သင့်ပါတယ်။
(၃)Gears of War: Judgement

စီးရီးလိုက် အမြတ်တနိုးနဲ့ကို ဆော့ကစားရတာပါ။ ဖုတ်ကောင်တွေကို သေနတ်နဲ့ပစ်ရတဲ့ ဂိမ်းပါ။ အရင်ဂိမ်းအဟောင်းတွေထက်စာရင် စိတ်ကျေနပ်မှုထက် စိတ်တိုစရာ ပိုကောင်းတဲ့ ခံစားမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။
(၄)Online Gaming Laws

ခါတိုင်းလိုပဲ နှစ်ဦးပါဝင်ကစားရပြီး တစ်ဖက်နဲ့တစ်ဖက် အမြှောက်ပစ်ရတဲ့ဂိမ်းပါ။ ဒီဂိမ်းကိုရှောင်ဖို့ အကြံပေးချင်ပါတယ်။ ထောင်ထဲရောက်နိုင်လို့ပါ။ မယုံဘူးလား။ မကြာသေးခင်က ဆယ်ကျော်သက်နှစ်ယောက် ဒီဂိမ်းကိုဆော့အပြီး တစ်ယောက်နဲ့ တစ်ယောက် ခံရခက်တဲ့စကားတွေနဲ့ အပြန်အလှန်ခြိမ်းခြောက်ကြတယ်။ တာဝန်ရှိသူတွေဟာ ဒါမျိုးကို ညင်ညင်သာသာ မကိုင်တွယ်ပါဘူး။ ဒီလို စကားနဲ့ ခြိမ်းခြောက်ရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်လို့ပါ။ ဒီတော့ ဒီလိုဂိမ်းမျိုးကို သတိထားပါ။
(၅)Xbox One

ဒီဂိမ်းက Xbox ကစားသူတွေအားလုံးရဲ့ မျှော်လင့်ချက်တွေကို လျော်ပစ်လိုက်တာပါ။ ရှိထားတဲ့ အရာလေးတွေကိုတောင် ပိုဆိုးအောင် လုပ်လိုက်သလိုပါပဲ။ ဒီဂိမ်းကို ဆော့ချင်ရင် အင်တာနက်အချိန်တိုင်း ရနေနိုင်မှ ဖြစ်မှာပါ။ နောက်တစ်ခုက အရင်တုန်းကလိုမျိုး ကျေနပ်နှစ်သိမ့်မှုရရှိစေဖို့ လုံးဝမပေးစွမ်းနိုင်ပါဘူး။ မိုက်ခရိုဆော့ဖ်ရဲ့ အမှားတစ်ခုပါပဲ။
Ref:MENSXP

credit  trend.com.mm

0 comments:

Post a Comment

 
Top