ယနေ့နံနက်(၂း၁၅)တွင် ကစားသွားခဲ့သော ဂျူဗင်တပ်စ်နှင့် ရီးရဲလ်မက်ဒရစ်တို့၏ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)တွင် တစ်ဖက်(၂)ဂိုးစီသရေကျခဲ့ရာ ရီးရဲလ်မက်ဒရစ်အတွက် ခရစ္စတီယာနိုရော်နယ်လ်ဒိုက တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သဖြင့် စံချိန်ကောင်းတစ်ခုကို ကျော်ဖြတ်လိုက်နိုင်ပြီဖြစ်သည်။ ထိုစံချိန်မှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းမှ ချန်ပီယံလိဂ်ပွဲစဉ်များအတွင်း (၁၃)ဂိုးသွင်းယူထားနိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ် မှူးလီယွန်နယ်မက်ဆီ၏စံချိန်ကို တစ်ဂိုးအသာ(၁၄)ဂိုးဖြင့် ကျော်ဖြတ်လိုက်ကာ စံချိန်သစ်တင်လိုက်နိုင် ခြင်းပင်ဖြစ်သည်။ ရော်နယ်လ်ဒိုမှာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စု(ခ)ပွဲစဉ်(၄)အပြီးတွင်လည်း (၈)ဂိုးသွင်းထား နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ၂၀၁၃ခုနှစ်အတွင်းကစားခဲ့သောပွဲများတွင်(၆)ဂိုးသွင်းနိုင်ခဲ့သဖြင့် ၂၀၁၃ ပြက္ခဒိန်နှစ်အတွင်း (၁၄)ဂိုးသွင်းကာ မက်ဆီ၏ ၂၀၁၂ ပြက္ခဒိန်နှစ်အတွင်း (၁၃)ဂိုးစံချိန်ကို ကျော်ဖြတ် လိုက်နိုင်ခြင်းဖြစ်သည်။
မက်ဆီ၏ တစ်နှစ်တာအတွင်း ချန်ပီယံလိဂ်ဂိုးစံချိန်ကို တစ်ဂိုးအသာဖြင့် စီရော်နယ်လ်ဒိုကျော်ဖြတ်ခဲ့
ယနေ့နံနက်(၂း၁၅)တွင် ကစားသွားခဲ့သော ဂျူဗင်တပ်စ်နှင့် ရီးရဲလ်မက်ဒရစ်တို့၏ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)တွင် တစ်ဖက်(၂)ဂိုးစီသရေကျခဲ့ရာ ရီးရဲလ်မက်ဒရစ်အတွက် ခရစ္စတီယာနိုရော်နယ်လ်ဒိုက တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သဖြင့် စံချိန်ကောင်းတစ်ခုကို ကျော်ဖြတ်လိုက်နိုင်ပြီဖြစ်သည်။ ထိုစံချိန်မှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းမှ ချန်ပီယံလိဂ်ပွဲစဉ်များအတွင်း (၁၃)ဂိုးသွင်းယူထားနိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ် မှူးလီယွန်နယ်မက်ဆီ၏စံချိန်ကို တစ်ဂိုးအသာ(၁၄)ဂိုးဖြင့် ကျော်ဖြတ်လိုက်ကာ စံချိန်သစ်တင်လိုက်နိုင် ခြင်းပင်ဖြစ်သည်။ ရော်နယ်လ်ဒိုမှာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စု(ခ)ပွဲစဉ်(၄)အပြီးတွင်လည်း (၈)ဂိုးသွင်းထား နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ၂၀၁၃ခုနှစ်အတွင်းကစားခဲ့သောပွဲများတွင်(၆)ဂိုးသွင်းနိုင်ခဲ့သဖြင့် ၂၀၁၃ ပြက္ခဒိန်နှစ်အတွင်း (၁၄)ဂိုးသွင်းကာ မက်ဆီ၏ ၂၀၁၂ ပြက္ခဒိန်နှစ်အတွင်း (၁၃)ဂိုးစံချိန်ကို ကျော်ဖြတ် လိုက်နိုင်ခြင်းဖြစ်သည်။
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.