ပူတင်သည် တိုက်ကွမ်ဒို တိုက်ခိုက်ရေးပညာရပ်၏ ခါးပတ်နက်တွင် အမြင့်ဆုံးအဖြစ် နဝမမြောက်ဒီဂရီ (9th Dan) ကို ရရှိခဲ့ခြင်းဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည်တိုက်ကွမ်ဒိုအားကစား၏ အမြင့်ဆုံးအဆင့်သို့ တရားဝင် တက်လှမ်းလာခဲ့ကြောင်း သိရှိရသည်။ ပူတင်သည် တိုက်ကွမ်ဒို တိုက်ခိုက်ရေးပညာရပ်၏ ခါးပတ်နက်တွင် အမြင့်ဆုံးအဖြစ် နဝမမြောက်ဒီဂရီ (9th Dan) ကို ရရှိခဲ့ခြင်းဖြစ်သည်။ နာမည်ကျော် ဇာတ်ကြမ်းမင်းသား ချက်ခ်နောရစ်သည်ပင်လျှင် တိုက်ကွမ်ဒိုခါးပတ်နက်၏ အဋ္ဌမဒီဂရီ (8th Dan) အဆင့်သာ ရှိသေးရာ ပူတင်က နောရစ်ထက် ပိုကြမ်းသည်ဟုဆိုနိုင်မည်ဖြစ်သည်။
ပူတင်သည် လတ်တလောတွင် တိုက်ကွမ်ဒို မကစားဖြစ်တော့ဘဲ ဂျူဒိုကိုသာ ဇောက်ချလေ့ကျင့်နေသူဖြစ်သည်။ ၎င်းကို နိုင်ငံတကာ ဂျူဒို ဖက်ဒရေးရှင်းကလည်း 8th Danအဆင့် သတ်မှတ်ပေးထားသည်။ International Business Times က ပူတင်သည် တိုက်ကွမ်ဒိုတွင် အဆင့်အမြင့်ဆုံး သတ်မှတ်ခံရသလို ဂုဏ်ပြုရုပ်တုငယ်တစ်ခု ချီးမြှင့်ခံရသည့်အတွက် ပျော်ရွှင်နေကြောင်းဆိုသည်။ “ဒီလိုအဆင့်မြင့်မြင့် Dan သတ်ခံရမယ်လို့ ကျွ န်တော်မမျှော်လင့်ခဲ့ဘူး။ ကျွန်တော်တို့ဟာကိုယ်ခံပညာရပ်သင်ကြားမှုကိုမြှင့်တင်ဖို့ လှုံ့ဆော် စည်းရုံးမှုတွေကိုဆက်ကြိုးစားကြပါစို့။ ရုရှားအနေနဲ့ကိုယ့်နိုင်ငံထဲမှာ အကောင်းဆုံး ကိုယ်ခံပညာရပ်တွေကို ဖြန့်ဖြူးပေးနိုင်ဖို့ လိုပါတယ်” ဟု ပူတင်ကပြောကြားခဲ့သည်။ တိုက်ကွမ်ဒိုအားကစားတွင် ပူတင်၏အဆင့်ကို ဆာဆွန်သို့မဟုတ် ဂုဏ်ထူးဆောင် Grand Master အဖြစ် သတ်မှတ်နိုင်သည်။
credit planet.com.mm
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.