မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုင်ရာ ရွေးချယ်မှုတစ်ခုအနေနဲ့ နှုတ်ခမ်းသားတွေဟာ အရေးကြီးပါတယ်။ မျက်လုံးကိုသာ အသေးစိတ်မချယ်သ လိုက်ဘဲနဲ့ အပြင်ထွက်မိတဲ့အချိန်ရှိမယ်။ နှုတ်ခမ်းကိုတော့ မဖြစ်မနေဆိုးလိုက်ရမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနိုင်မှာပါ။ ဒီတော့ ကိုယ့်အသားအရည်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီရောင်အရောင်ကို ရွေးချယ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။
(၁) မျှတသောအသားအရေ (မဖြူလွန်း/မညိုလွန်း)
တစ်ခါတစ်လေမှာ ဒီအသားရေပိုင်ရှင်တွေဟာ လိမ္မော်ရောင်အောက်ခံနဲ့ တောက်ပသွားတတ်ပါတယ်။ ဒီတော့ သစ်သီးရောင်တွေကိုရွေးပါ။ ထပ်ဆိုးစရာမလိုတဲ့ အရောင်တောက်တောက်တွေကိုရွေးပါ။
(၂) အ၀ါဘက်သန်းသောအသားအရေ (သနပ်ခါးရောင်)
အရောင်လင်းတာမျိုးကိုရွေးချယ်ပါ။ (ဥပမာ-ကြက်သွေးရောင်၊ ပန်းဆီရောင်) ။ ဒီလိုအရောင်မျိုးက မျက်နှာကို မှောင်မသွားစေဘဲ လင်းတဲ့ဘက်ကို အားသာစေပါတယ်။ အနီဆိုရင်လဲ အနီစစ်စစ်အရောင်မျိုးကိုသာရွေးပါ။
(၃) ရွှေအိုရောင်အသားအရေ
အရည်ရွှန်းတဲ့ အမျိုးအစားကိုရွေးသုံးပါ။ နှုတ်ခမ်းကို နွေးထွေးချစ်ခင် ဖွယ်ကောင်းတဲ့ ပုံစံမျိုးဖြစ်အောင်ဖန်တီးခြင်းဖြင့် ပိုပြီးစွဲမက်ဖွယ်ကောင်းစေပါတယ်။
(၄) အဆီပြန်သောအသေားအရေ
အဆီပြန်ခြင်းကို ထိန်းညှိနိုင်စေဖို့ အပြာရောင်အောက်ခံသုံးထားတဲ့ နှုတ်ခမ်းနီမျိုးကို ရွေးချယ်ပါ။
(၅) ကြေးနီရောင်အသားအရေ
အရှေ့တိုင်းသူ များမှာတော့ ဒီလိုအသားအရေမျိုးမတွေ့ရတတ်ပါဘူး။ ဒီအသားအရေပိုင်ရှင်တွေကတော့ ဘာမှမဆိုးရင်မဆိုးပါနဲ့။ ဆိုးရင်လဲ ထင်းထင်း လင်းလင်းဆိုးပါ။ ဒီနှစ်ခုကြားကရောင်မျိုးတော့ မသုံးပါနဲ့။
(၆) မဲနက်သောအသားအရေ
အသားမဲလို့ မ၀ံ့မရဲဖြစ်နေမယ့်အစား အနီရောင်၊ ခရမ်းရောင်၊ ပန်းရောင်တွေ ဆိုးလိုက်ခြင်းဟာ မှန်ကန်ပြီး ရဲဝံ့တဲ့ရွေးချယ်မှု ဖြစ်ရုံသာမက ရှက်ရွံ့ခြင်းကင်းစေပါတယ်။
Ref:seventeen
credit trend.com.mm
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.