ချယ်လ်ဆီး ၃ – ၀ ရှော်လ်ကယ်
s1
ချန်ပီယံလိဂ် အုပ်စု(E) ပွဲစဉ်(၄)အဖြစ် ချယ်လ်ဆီးအသင်းသည် ဂျာမန်ကလပ် ရှော်လ်ကယ်အသင်းအား
အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ဧည့်ခံကစားခဲ့ရာ တိုက်စစ်မှူးအီတူး၏ သွင်းဂိုး(၂)ဂိုးအပါအ၀င်
(၃)ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် အခြေအနေကောင်းသွားပြီ
ဖြစ်သည်။ အုပ်စုအတွင်း ချယ်လ်ဆီးပြီးလျှင် အတောင့်တင်းဆုံးအသင်းဖြစ်သည့် ရှော်လ်ကေအား
အိမ်ကွင်း၊ အဝေးကွင်းတွင် (၆)ဂိုးအထိသွင်းယူပြီးပေးဂိုးမရှိပဲ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ခြင်းဖြစ်
သည်။
မော်ရင်ဟိုက ၄-၃-၂-၁ ကစားကွက်တွင် ဂိုး ပီတာချက်၊ နောက်တန်းတွင် အီဗန်နိုဗစ်၊ ကားဟေးလ်၊
တယ်ရီ၊ ဆီဇာအစ်ပီကျုတာ၊ ကွင်းလယ်ခံစစ်တွင် မီခေးလ်နှင့် ရာမီးရက်စ်၊ ကွင်းလယ်တိုက်စစ်တွင်
ဝီလျံ၊ အော်စကာ၊ ရှာရယ်လ်၊ တိုက်စစ်တွင် တောရက်စ် ဒဏ်ရာရနေ၍ အီတူးအား တင်ကစားခဲ့သည်။
ရှော်လ်ကယ်အသင်းက Szalai ကိုအထောင်တိုက်စစ်ထားကာ ဘိုအ်တန်၊ ဂျုံးစ်၊ ဒက်စ်တာ တို့ဖြင့်
ဝန်းရံကာ ချယ်လ်ဆီးအသင်းအား ရင်ဆိုင်ခဲ့သည်။
s3
ပွဲအစ(၅)မိနစ်မှာပင် ဧည့်သည်ရှော်လ်ကယ်အသင်းဂိုးရရင် နီးစပ်ခဲ့သည်။ ယူချီဒါပေးပို့မှုမှ ဒက်စ်တာက
ဧရိယာထိပ်မှ မြေလှိမ့်ဘောကန်ချက် ကောင်းသော်လည်း တိုင်ဘေးကပ်ထွက်သွားခဲ့၍ချယ်လ်ဆီး
သက်သာခဲ့ရသည်။ တစ်ဘက်မှလည်း မိနစ်(၂၀)တွင် ရှာရယ်လ်၏ ပြစ်ဒဏ်ဘောကန်ချက်ကို
ဂိုးသမား ပုတ်ထုတ်ကာကွယ်လိုက်နိုင်ခဲ့၍ အခွင့်အရေးဆုံးရှုံးခဲ့ရသည်။ ထို့နောက် နှစ်သင်းစလုံး
ကစားပုံမှာ ကွင်းလယ်တွင် အိုင်နေပြီး တိုက်စစ်မှာထင်သလောက် မပေါက်ခဲ့ပေ။ (၃၁)မိနစ်တွင်
ချယ်လ်ဆီးအသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ရှော်လ်ကယ်ဂိုးသမား ဂိုးရှေ့တွင် ကန်တင်ရန်
ဟန်ရေးပြင်နေစဉ် မလှမ်းမကမ်းရှိ အီတူးက အမြန်ပြေးသွားကာ ပိတ်ဆို့လိုက်နိုင်ခဲ့၍ ဘောလုံးက
ဂိုးပေါက်ထဲသို့ ပြန်ဝင်သွားခဲ့ပြီး ဂိုးရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ချယ်လ်ဆီးအသင်းက ယင်း
တစ်ဂိုးဖြင့်ပင် ဦးဆောင်နေခဲ့သည်။
s2
ဒုတိယပိုင်းစသည်နှင့် ရှော်လ်ကယ်အသင်း ချေပဂိုးရရှိရန် တိုက်စစ်ဆင်လာခဲ့သည်။ (၅၃)မိနစ်တွင်
ဧည့်သည်အသင်းမှ ကွင်းလယ်ကစားသမား Fuchs ၏ ဧရိယာထိပ်မှ အပြင်းကန်ချက်ကို ပီတာချက်
အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့သည်။ ဂိုးဝင်သွားနိုင်သည့် အနေအထားဖြစ်ပြီး ပီတာချက်
လျှင်မြန်မှုဖြင့် ပုတ်ထုတ်လိုက်နိုင်သောကြောင့် ချေပဂိုးမပေးရခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း
ချယ်လ်ဆီးအသင်းက ပွဲကိုထိန်းချုပ်နိုင်ပြီး ဒုတိယဂိုးကို (၅၄)မိနစ်တွင် ရရှိခဲ့သည်။ ၀ီလျံ၏ပေးပို့မှု
မှ ယခုပွဲတွင် ခြေစွမ်းပြနေသည့် အီတူးက ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
s4
(၂)ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ဧည့်သည့်အသင်း စိတ်ဓာတ်ကျသွားပြီး တိုက်စစ်ဆင်မှုများမှာ
ထင်သလောက် မရောက်တော့ပဲ ချယ်လ်ဆီးခံစစ်ဧရိယာထိပ်တွင် ပျက်ပျက်သွားခဲ့သည်။ ချယ်လ်ဆီးက
အပိုင်ကစားကွက်ဖြစ်သည့် တန်ပြန်တိုက်စစ်ဖြင့်သာ ရှော်လ်ကယ်ကို ခြိမ်းခြောက်နေသည်။ (၈၃)မိနစ်
တွင် လမ်းပတ်ပေးပို့မှုမှ အီတူးအစားဝင်လာသည့် ဒမ်ဘာဘားက လူကျွံဘောထောင်ချောက်မှ
လွတ်ပြီး လှလှပပကန်သွင်းပြီး ချယ်လ်ဆီးအသင်း၏ အနိုင်ကိုပိုမိုသေချာစေခဲ့သည်။
s5
ပွဲကို ခြုံငုံသုံးသပ်ရပါက မော်ရင်ဟိုသည် နည်းဗျူဟာအရ တောင်ပံများကို အတက်အဆင်းပြုလုပ်ခိုင်းပြီး
ပြိုင်ဘက်အသင်းကို အလုပ်ရှုပ်စေခဲ့သော်လည်း တကယ်တမ်း  ထိုးဖောက်ရာတွင် ရှော်လ်ကယ်
အားနည်းချက်ဖြစ်သည့် ကွင်းလယ်ခံစစ်နှင့် ဗဟိုခံစစ်တို့ကြား နေရာလွတ်များကို အသုံးချနိုင်ခဲ့ခြင်း
ကြောင့်ဖြစ်သည်။ ဒုတိယနှင့် တတိယဂိုးတို့ကို ကြည့်လျှင်သိနိုင်ပါသည်။
ရှော်လ်ကယ်အသင်းက၄င်းတို့အိမ်ကွင်း ပထမကျော့တွင် ချယ်လ်ဆီးကတန်ပြန်တိုက်စစ်ဖြင့် ဒုက္ခပေးခဲ့
သည်ကို အမှတ်ရပုံမရပေ။ ချယ်လ်ဆီး၏ လျှင်မြန်မှုကို မထိန်းနိုင်ခဲ့ပဲ ပြစ်ဒဏ်ဘောများပေးခြင်းဖြင့်
တားဆီးခဲ့သောကြောင့်ယခုထက် ဂိုးမပြတ်ခြင်းဖြစ်သည်။ အီတူး၊ ၀ီလျံ၊ ကာဟေးလ်တို့အကောင်းဆုံး
ကစားသွားသလို မီခေးလ်၏ ခံစစ်ဟန်ချက်ကို ထိန်းကျောင်းသွားသည့်ကစားဟန်ကိုလည်း
ချီးကျုးရပါမည်။ ယခုပွဲအနိုင်ကြောင့် ချယ်လ်ဆီးအသင်းသည် ရမှတ်(၉)မှတ်ဖြင့်အုပ်စုထိပ်ဆုံးနေရာ
တွင် ဆက်လက်တည်ရှိနေပြီး လက်ကျန်(၂)ပွဲတွင် သရေတစ်မှတ်သာရရှိပါက ရှုံးထွက်အဆင့်သို့
တက်ရောက်ရန်သေချာသွားပြီဖြစ်သည်။
ge


0 comments:

Post a Comment

 
Top