SEMA မှာပဲ ဝင်ရောက်ပြသသွားတဲ့ဆိုင်ကယ် ဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ်က S 1000 RR ဆိုပြီး Superbike တစ်စီးကို ပြသပြီးနောက် BMW ဟာ ပြိုင်ဆိုင်ကယ်ဈေးကွက်မှာ နေရာကောင်း တစ်ခု ရရှိခဲ့ပါတယ်။ ယခု အသစ်ထုတ်လိုက်တဲ့ဆိုင်ကယ်ကိုလည်း သူ့ရဲ့မော်ဒယ် အဆက်အနေနဲ့ပဲ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။
သို့ပေမယ့် Light Version လို့ဆိုပါတယ်။ အကြောင်းကလည်း အင်ဂျင် လည်း သေးသွားသလို၊ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ကလည်း လျော့ကျ သွားလို့ဖြစ်ပါတယ်။ အရင်က မြင်းကောင်ရေအား ၁၉၃ ထုတ်လုပ်နိုင် ရာ ကနေ ယခုတော့၁၆ဝ မြင်းကောင်ရေအားပဲ ထုတ်လုပ်နိုင် ပါတော့တယ်။ အင်ဂျင်ကတော့၉၉၉ စီစီ ဆလင်ဒါ လေးလုံးပူး အင်ဂျင်ကို အသုံးပြု ပါတယ်။ အင်ဂျင် ကောင်းသလို၊ အပြင်က တည်ဆောက်တဲ့ဘော်ဒီ လည်း ကောင်ါးပတ်ယ။ အလူမီနီယံ အလွိုင်း ဖရိန်ကို အသုံးပြုတည်ဆောက်ထားပြီး တော်ရုံ ဆေးမပွန်း၊ မကွဲအပ်တတ်ပါဘူး။
အသစ်ပါလာတဲ့မောင်းနှင်မှု နည်းပညာ တစ်ခုကတော့DTC ဖြစ်ပါတယ်။ Dynamic Traction control ဖြစ်ပြီး Dynamic နဲ့Dynamic Pro ဆိုပြီး Mode ၂ ခုထဲက ကြိုက်ရာ ရွေးလို့ရပါတယ်။ သူက maximum acceleration ရဖို့စွမ်းဆောင်ပေးပြီး ရေဆိုလမ်းနဲ့ခြောက်သွေ့တဲ့လမ်းပေါ်မှာ ထိန်းချုပ်ရလွယ်အောင် ABS ဘရိတ်စနစ်နဲ့ASC ဘရိတ်စနစ် ဆိုပြီး ၂ မျိုးတောင် ထည့်သွင်း ပေးထား ပါသေးတယ်။
BMW ဟာ ၂ဝ၁၄ မော်ဒယ် S 1000 R ကို အမေရိကန်ဒေါ်လာ ၅ သောင်းဝန်းကျင်နဲ့ရောင်းချသွားနိုင်ချေ ရှိတယ်လို့ခန့်မှန်းထားကြောင်း သိရ ပါတယ်။
.
Ref: autoblog
ColayAutomoblie
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.