ဖုန်းလာရင် Facebook Chat Head လို  ပြပေးမယ့် Call PopOut
==========================================
သင် ဂိမ်း ဆော့နေရင်ပဲ ဖြစ်ဖြစ် ၊ App တစ်ခုကိုအသုံပြုနေရင်ပဲဖြစ်ဖြစ်၊ အရေးကြီးမှတ်စရာတစ်ခုခုကို Note App နဲ့  မှတ်နေရင်ပဲဖြစ်ဖြစ် ဖုန်းဝင်လာခဲ့ရင် အဲဒီအလုပ်တွေကိုဆက်လုပ်လို့ မရတော့ပါဘူး။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ App ကတော့ Call PopOut ဖြစ်ပါတယ်။ Call PopOut က Facebook Messenger ရဲ့ Chat Head နဲ့ ဆင်တူပြီး ဖုန်းလာရင် လက်ရှိအသုံးပြုနေတဲ့ App ရဲ့ အပေါ်ကနေ Pop Up ပြပေးမှာဖြစ်တဲ့အတွက် လက်ရှိအလုပ်ကိုဆက်လုပ်နိုင်ပါတယ်။ Accept, Reject, Mute , Hide လုပ်တာတွေပြုလုပ်နိုင်ပါတယ်။  နောက်ပြီး App တွေရွေးချယ်လို့ ရပြီး အဲဒီ App တွေအသုံးပြုနေမှ Call PopOut ကိုအလုပ်လုပ်ခိုင်းလို့ ရပါတယ်။ Head အရွယ်အစားနဲ့ အရောင်ကိုလည်း ပြောင်းလို့ ရပါတယ်။
https://play.google.com/store/apps/details?id=com.rootuninstaller.callpo
or
http://forum.xda-developers.com/showthread.php?t=2449231

0 comments:

Post a Comment

Top