မင်္ဂလာပါ။ ကျွန်တော်အခု Gmail လှည့်ကွက်နဲ့ပတ်သတ်တဲ့
ခေါင်းစဉ်တစ်ခုတင်ပါမယ်။ ဥပမာ - သင့် သူငယ်ချင်း မနက်ဖြန်မွေးနေ့ကို Gmail
နဲ့ မနက်အတိအကျပို့ချင်တယ် ဒါပေမယ့် သင်က မအားဘူး ဆိုရင်
အချိန်အလိုအလျောက်ပို့ပေးမှာပါ။
ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က
ချက်ချင်းရောက်သွားပါတယ်။ အခုနည်း လေးက အဲလို ချက်ချင်းမရောက်စေဘဲ
ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိ စေမယ့်နည်းလမ်း
ဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက
မအားဘူး။ စာကိုလဲကြို မပို့ချင်ဘူး။ သူအသုံးပြုနိုင်တဲ့အချိန်ကျမှ
ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို
အသုံးပြုနိုင်ပါတယ်။ လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့
အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။
Install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။ allow>install>restart firefox အဆင့်ဆင့် လုပ်သွားလိုက်ပါ။
ဒါဆို စပြီး အသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။
အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း Send Later ကို
နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။ အချိန်အတိ
အကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ
ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။
ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ်
အချိန်ပြန်လည်သတ် မှတ်ချင်ရင် ဖြစ်ဖြစ် Manage scheduled messages ကနေ
ဝင်ရောက်ပြင်ဆင်နိုင်ပါတယ်။ ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ
တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။ နောက်လများမှာတော့ basic plan
အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။ တကယ်လို့ပိုမို
အသုံးပြုချင်တယ် ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။ Refer
a friend ကနေ သူငယ်ချင်းဖိတ်ခေါ် ပေးရင်
တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။
0 comments:
Post a Comment