Latest

00:39 AM IOS 7.1 DOWNLOAD

iPhone သုံးစွဲသူများ အနေနဲ့ မိမိရဲ့ဖုန်း ပျောက်ဆုံး သွားတာပဲ ဖြစ်ဖြစ်၊ အခိုးခံ ရတာပဲ ဖြစ်ဖြစ် တွေ့ကြုံရခဲ့ လိုရှိရင် လုပ် ဆောင်ရမယ့် အချက်တွေကို သိဖို့ လိုကြမယ် ထင်ပါတယ်။ ဖတ်ရှုကြပါဦး။
စာဖတ်သူ တို့ရဲ့ iPhone ဟာ သင်တို့ရဲ့ လက်ထဲမှာ လက်ဝယ် မရှိတော့ဘဲ ပျောက်ဆုံးသွား မယ်ဆိုရင် အရင်ဆုံး ပူပန်မိကြ မှာကတော့ ဖုန်း ထဲမှာ ပါတဲ့ အချက်အလက် တွေပါပဲ။ ဖုန်းပျက်သွားရင် ပြန်ဝယ်လို့ ရပေမယ့် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် တွေသာ ပါသွား ခဲ့မယ်ဆိုရင် ပြဿနာ အကြီးအကျယ် တက်ပြီသာ မှတ်ပါပေရော့။ တစ်ယောက်ယောက် ကများ ဖုန်းထဲကနေ Gmail ဒါမှမဟုတ် Bank Acco unt များ သိသွား လို့တယ်ပဲ တွေးကြည့်ပါ။ ဖြစ်လာမယ့် အကျိုးဆက် ကတော့ မတွေးဝင့် စရာပါပဲ။ ဒါတွေ မဖြစ်ရအောင် ဘယ်လိုလုပ် ကြမ လဲ။

Here’s What To Do When Your iPhone Lost

Find My iPhone Service ကို အသုံးပြုခြင်း
Apple ကုမ္ပဏီရဲ့ iCloud ကနေ တစ်ဆင့် သင့်ရဲ့ ဖုန်းတည် နေရာကို သတင်းကွန်ရက် တစ်ခုခု (ဖုန်းလိုင်း ဒါမှမဟုတ် အင်တာနက်လိုင်း) မိ နေရုံနဲ့ ရှာဖွေ နိုင်ပါပြီတဲ့။ အဲဒီလို ရှာဖွေ နိုင်အောင် သင့်ရဲ့ဖုန်းမှာ Find My Phone service ကိုသုံးပေး ထားရမှာ ဖြစ်ပြီး ဖုန်းအားကုန် သွား တာပဲဖြစ်ဖြစ်၊ Airplane Mode ဖွင့်ထားပဲ ဖြစ်ဖြစ် လုပ်ထား ရင်တော့ ရှာလို့ ရမှာ မဟုတ်ပါဘူး။ သုံးနည်းကို ပြောရရင် သင့်ရဲ့ သုံးနေကြ Apple ID နဲ့ password ကတော့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ Apple ID နဲ့ password ကိုသုံးပြီး iCloud.com မှာ ၀င်ကာ Find My iPhone ကိုကလစ် နှိပ်ပေး လိုက်တာနဲ့ iCloud က သင့်ဖုန်းကို ခြေရာခံ ပေးမှာဖြစ် ပါတယ်။ ခြေရာမိတဲ့ နေရာဟာ သင့်အိမ် ပတ်ဝန်းကျင်နဲ့ ဝေးကွာ နေပြီ ဆိုရင်တော့ ဖုန်းအခိုး ခံရတာပဲ ဖြစ်ပါတယ်။

Here’s What To Do When Your iPhone Lost

အဲဒီလို အချိန် အခါမျိုးမှာ iCloud.com မှာ ဖုန်းရဲ့ Settings တွေကို စက်ရုံက ထုတ်စ Default Settings တွေပြောင်း ထားပြီး သင့်အချက် အလက်တွေကို ဖုန်းကွယ် ထားလို့ ရပါတယ်။ အဲဒါကိုရဖို့ Find My iPhone မှာပဲ ကလစ်နှိပ် ပြီးနောက် သင့်ဖုန်းကို ရွေးပြီး Lost Mode ကို ဖွင့်ပေး လိုက်ရပါမယ်။ မမေ့သင့် တာကတော့ ကောက်ရသူများ ပြန်ပေး နိုင်ဖို့အတွက် Message လေးတစ်စောင် ချန်ထားဖို့ပါပဲ။ အကယ်၍ သင့်ဖုန်းဟာ iOS 7 ကိုမြှင့်ထားတယ် ဆိုပါတော့။ အဲဒီလိုဆိုရင်တော့ ပိုကောင်းပါတယ်။ အကြောင်းရင်းကတော့ Activation Lock ကြောင့် ပါ။ အပေါ်ကလို Find My iPhone မှာပဲ ကိုယ့်ဖုန်းကို ပိတ်ထား ပြီးနောက် မှာတော့ သင့်ရဲ့ Apple ID နဲ့ Password အမှန်မရိုက် သွင်းမချင်း ဘယ်သူမဆို ဖွင့်ဖွင့် သုံးမရအောင် လုပ်ပေး ထားခြင်းဟာ Activation Lock ရဲ့ ကောင်းချက် တစ်ခုပါပဲ။

Here’s What To Do When Your iPhone Lost

Find My iPhone နဲ့တောင်မှ သင့်ဖုန်းကို ရှာမတွေ့ခဲ့လျှင်
Find My iPhone နဲ့တောင် ရှာမရတဲ့ အခြေအနေ ရောက်နေပါပြီ ဆိုပါတော့။ ဒီလိုဆို ရင်တော့ ဖုန်းထဲက ကိုယ့် Account တွေ ပါမသွားဖို့ အရေးကြီးပါတယ်။ ဒီပြဿနာ အတွက် သင့်ရဲ့ Gmail Account ဟာ သင်ထင်ထား တာထက် အရေးပါ လှပါတယ်။ Gmail ကနေ တစ်ဆင့် Apple ID ရဲ့ Password ကို ပြောင်းလိုက်ရင် သင့်ဖုန်းမှာ Password အသစ်နဲ့ ပြန်ဝင်မှ သုံးလို့ ရမှာပါ။ နောက်တစ်နည်း ကတော့ သင့်ဖုန်း ထဲက App တွေကို Access ပိတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် သင့်ဖုန်းမှာ သင့်ရဲ့ Twitter နဲ့ Facebook Accounts တွေကို ၀င်လို့ရတဲ့ App တွေရှိ တယ်ဆိုပါတော့။ Twitter အတွက်ဆိုရင် Twitter ရဲ့ Website က Settings>Apps အောက်မှာ Revoke Access ဆိုပြီး သွားပိတ်လို့ ရပါတယ်။ အကယ်၍ Core Integration လုပ်ထားလို့ ပိတ်မရဘူး ဆိုရင်တော့ Twitter Password သာ ပြောင်းလိုက်ပါ။ Facebook အတွက် ဆိုရင်တော့ Account Settings>Apps အောက်မှာ သွားပြင်လို့ရပါတယ်။

Here’s What To Do When Your iPhone Lost

ဖြစ်လာမယ့် အန္တရာယ်တွေ ကာကွယ်ရန်
မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်မလာ ဖို့ကတော့ သင့်ဖုန်းကို အမြဲ Passcode ဒါမှမဟုတ် Password တစ်မျိုးမျိုးနဲ့ ခတ်ထားဖို့ပါပဲ။ သတိထားဖို့က ဥပမာ "1234"လို လွယ်လွယ်ကူကူ Passcode မျိုးတွေ မပေးမိဖို့ပါပဲ။ Settings>iCloud အောက်မှာရှိတဲ့ Find My iPhone ကို On ထားပေးဖို့လဲ လိုအပ်ပါ လိမ့်မယ်။ ဒါမှ ပျောက်သွားရင် ပြန်ရှာနိုင်မှာပါ။ iOS 7 ပြောင်းထား ခြင်းဟာလည်း အသစ်ပါ လာတဲ့ Activation Lock ကြောင့် ဖုန်းလုံခြုံ ရေးကို ပိုစိတ်ချ ရစေပါတယ်။ နည်းပညာ တိုးတက်လာ တာဟာ မလိုလားအပ်တဲ့ အန္တရာယ် တွေကိုလဲ ကာကွယ် ပေး ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပညာကို အလုံးစုံ မယုံသင့်ပါဘူး။ မိမိ ကိုယ်တိုင်က ကိုယ့်ပစ္စည်း ကိုယ်စိတ်ချ ရအောင် ထားသို မှသာ အလုံခြုံဆုံး ဖြစ်ကြောင်း အကြုံပြုလိုက် ပါရစေဗျာ။

Here’s What To Do When Your iPhone Lost

Images from makeuseof. Source: makeuseof.com

credit  mymclub.net






16 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top