iOS 7 သုံး iPhone/Pad/Pod touch များကို Jailbreak လုပ်စရာမလိုဘဲ မြန်မာစာထည့်သွင်းနိုင်မယ့် နည်းလမ်းကို ၄.၁၁.၂၀၁၃ ရက်နေ့မှာ iOS Developer ကိုသန့်သက်က ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနည်းလမ်းမှာ iOS ရဲ့ app တွေ function တွေအားလုံးနီးပါးကို မြန်မာစာမြင်ရသွားပေမယ့် iOS 7 ရဲ့ Safari Browser မှာတော့ မြန်မာစာမပေါ်သေးပါဘူး ။ အခုတော့ iOS 7 ရဲ့ Safari Browser မှာမြန်မာစာပေါ်အောင်လုပ်နည်း ကို Developer ကိုထိန်လင်းရွှေက လုပ်ဆောင်ပြသထားပါတယ်။အောက်မှာဆက်လက်ဖတ်ရှုရအောင်။
 
Zawgyi mobileconfig သွင်းထားရန် လိုအပ်ပါသည်။ 

၁။ iOS Safari က ကို နှိပ်ပြီးတော့ Bookmark ကို နှိပ်ပါ။

၂။ Location ကို Bookmarks ပြောင်းပါ။ ပြီးရင် save လုပ်လိုက်ပါ။

 ၃။ iOS Safari က Bookmark ကို နှိပ်ပါ။

၎။ Edit ကို နှိပ်ပါ။


 ၅။ Zawgyi Force ကို နှိပ်ပါ

၆။ Address နေရာမှာ အောက်က စာတွေ copy ကူးပြီး replace လုပ်လိုက်ပါ။
အောက်က ပုံလို မျိုး javascript: နဲ့ စတာလေး ဖြစ်နေရပါမယ်။

၇။ Save လုပ်လိုက်ပါ။ ဒါဆိုရင် Zawgyi Force Bookmark ရပါပြီ။ မြန်မာစာ မမြင်ရတဲ့ website မှာ bookmark ကို ဖွင့်ပြီးတော့ zawgyi force ကို နှိပ်လိုက်ရင် ရပါပြီ။

Video Tutorial အနေဖြင့်အောက်မှာကြည့်ရှု့ နိုင်ပါသည်။


credit  myanmarmobileapp.com

0 comments:

Post a Comment

 
Top