‘KitKat’ (သို့မဟုတ်) အန်းဒရွိုက် နောက်ဆုံးဗားရှင်း

==========================

မကြာသေးခင်ကမှ ပွဲထုတ်လိုက်တဲ့ Nexus 5 စမတ်ဖုန်းနဲ့အတူ Google ရဲ့ ‘KitKat’ လို့ နာမည်ပေးထားတဲ့ Android နောက်ဆုံးဗားရှင်း 4.4 လည်းထွက်ရှိ လာခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ OS မှာ ဘာတွေ ထူးခြားသွားလဲဆိုတာ မိတ်ဆက်ပေးလိုက်ပါတယ်။

ပိုမိုလှပလာအောင် ဖန်တီးထားတဲ့ အပြင်အဆင်၊ ပိုကောင်းလာတဲ့ Performance တွေနဲ့အတူ ဆန်းသစ်ထားတဲ့ Features တွေပါ ထည့်သွင်းပေးထားတာပါ။ သင့်အနေနဲ့ စမတ်ဖုန်းကို လုပ်ဆောင်ချက်တွေ ခိုင်းချင်ရင် Screen ကို ထိစရာမလိုတော့ဘဲ “Ok Google” လို့ ဆိုလိုက်တာနဲ့ Voice Search, Text Message တွေပို့တာ၊ သီချင်းဖွင့်တာတွေပါ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

သီချင်းနားထောင်တဲ့အခါ သို့မဟုတ် Chromecast နဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ သင့်ရဲ့ Device က Lock ဖြစ်နေတဲ့အချိန်မှာတောင် Lock Screen မှာ လှပတဲ့ Artwork တွေကို မျက်နှာပြင်အပြည့် ပြပေးနေမှာ ဖြစ်ပြီး Play, Pause စတဲ့ Control တွေလည်း ပါဝင်နေမှာပါ။

သင်ဖတ်နေတဲ့စာအုပ်၊ သင်ကစားနေတဲ့ ဂိမ်း၊ သင်ကြည့်နေတဲ့ ရုပ်ရှင် စတာတွေကို ခံစားနေတဲ့အချိန်မှာ တစ်ခုတည်းကို Full-screen ပြပြီး ကျန်တာတွေကို အလိုလျောက် Hide ပေးသွားမယ့် ‘Immersive mode’ လည်း ပါဝင်လာပါတယ်။ Status bar နဲ့ Navigation buttons တွေကိုပါမကျန် အားလုံး Hide သွားမှာ ဖြစ်ပြီး သင်လက်ရှိကြည့်နေတဲ့ အရာတစ်ခုတည်းကိုသာ မျက်နှာပြင်အပြည့် လှလှပပ ဖော်ပြပေးသွားမှာပါ။

လက်ရှိ အန်းဒရွိုက်သမားတွေက Task တွေ မကြာခဏ ပိတ်ကြရတယ် မဟုတ်လား? အခု Android 4.4 (KitKat) မှာတော့ Multitasking တွေအတွက် ပိုမိုအဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။

တုန့်ပြန်မှုတွေ ပိုမြန်လာပြီး အင်တာနက်သုံးနေရင်း သီချင်းနားထောင်တာမျိုး အလုပ်တွေ များစွာကို တစ်ပြိုင်တည်းမှာ အသာလေး လုပ်ဆောင်နိုင်ပါပြီ။
KitKat မှာ Phone App ကို အသစ်စီစဉ်ပေးထား ပါတယ်။

အဆိုပါ App အသစ်က သင့်ဖုန်းစာအုပ်ထဲက လူတွေကို အခြေခံပြီး သင်နဲ့ ဖုန်းပြောမှု အများဆုံးသူတွေ၊ သင်ရောက်နေတဲ့ နေရာနဲ့ အနီးအနားမှာ ရှိတဲ့ သူငယ်ချင်းတွေ၊ သင့်ရဲ့ Google အကောင့်ထဲက သူငယ်ချင်းတွေရဲ့ ဖုန်းနံပါတ်တွေကိုပါ အလိုလျောက် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

“Smarter Caller ID” ပါတဲ့။ တကယ်လို့ သင်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက သင့်ကိုခေါ်တဲ့အခါ အရင်လို ကွက်လပ်ကြီးနဲ့ ပေါ်မှာမဟုတ်တော့ပါဘူး။ Google Map ကို သုံး၍သော် လည်းကောင်း၊ အဆင်ပြေမယ့် ပုံတစ်ခုခုကို ထည့်သွင်း၍ သော်လည်းကောင်း ဖော်ပြပြီး ပိုမိုစမတ်ကျတဲ့ Caller ID အဖြစ် ဖန်တီးပေးလိုက်တာပါ။

ထပ်မံပြီး ပါဝင်တဲ့ App က “Hangouts” ဆိုတာလေးပါ။ နာမည်က လန်းတယ်နော်။ အဲဒါက ဘာလဲဆိုတော့ သင့်သူငယ်ချင်းတွေ ပို့သမျှ Message တွေအားလုံးကို မလွတ်စေတော့ဘဲ တစ်နေရာတည်းမှာ စုစည်းပေးတာပါ။ SMS, MMS တွေသာမက အခြား Conversations က Message တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေကိုပါ စုစည်းပေးမှာ ဖြစ်ပြီး အဆိုပါ ‘Hangouts’ မှာ သင့်ရဲ့ Location ကို Share နိုင်ပြီး လှုပ်ရှားသက်ဝင်နေတဲ့ GIF ပုံလေးတွေကိုပါ ပို့နိုင်ပါပြီ။

တစ်ခါတစ်လေမှာ စကားလုံးတွေက သင့်ရဲ့ ခံစားချက်ကို အပြည့်အ၀ မဖော်ပြနိုင်ပါဘူး။ ဒါကြောင့် ပြုံးတာ၊ မဲ့တာ၊ နမ်းတာ၊ ငိုတာ စတဲ့ Emoji လေးတွေ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အခု Android 4.4 ရဲ့ Google Keyboard မှာ Emoji လေးတွေများစွာ စီစဉ်ပေးထားပါတယ်။

ထူးခြားလာတာက Phone or Tablet ထဲက ဓာတ်ပုံတွေ၊ စာတွေနဲ့ Website စာမျက်နှာတွေကို Google Cloud Print နဲ့ ချိတ်ဆက်ထားတဲ့ မည်သည့် Printer နဲ့မဆို စာရွက်ထုတ်လို့ရတာပဲ ဖြစ်ပါတယ်။

Source: Android
Kangyi ( @[384466751661427:274:Myanmar Consumer Guide])

Kangyi ( Myanmar Consumer Guide)

0 comments:

Post a Comment

Top