Lamborghini Veneno နူးယောက်ခ်မြို့နေ ပိုင်ရှင်ထံသို့ ရောက်ရှိလာ

မည်သူမည်ဝါ အတိအကျ မသိရှိရသော်လည်း Instagram ပေါ်တွင် @Lamborghiniks အနေဖြင့် အသုံးပြုနေသည့် နူးယောက်ခ်အခြေစိုက် ပုဂ္ဂိုလ်တစ်ဦးသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံး စူပါကားများထဲတွင် တစ်စီးအပါအဝင်ဖြစ်သည့် ယင်း၏ Lamborghini Veneno ၏ ဓာတ်ပုံအား ယနေ့တွင်  မျှဝေခဲ့သည်။ 

ဤ Lamborghini မှ ပြင်ပသို့ ထုတ်လုပ်ရောင်းချခဲ့သည့် ၃ စီးအနက်မှ ၁ စီးဖြစ်သည့် ဤ Veneno သည် နူးယောက်ခ်စီးတီးရှိ Delux Car Storage သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ Delux Car Storage သည် စူပါကားများ၏ ကြယ် ၅ ပွင့် ဟိုတယ်ဟု လူသိများပြီး မိမိ၏ စူပါကားအား မြင့်မားသော ဝန်ဆောင်ခဖြင့် ကာလရှည် စိတ်ချလုံခြုံစွာ သိုမှီးထားနိုင်သည့် နေရာဖြစ်သည်။ 

ဤ Veneno ၏ ထင်ရှားသည့် အမှတ်အသားမှာ ကားဘေး တစ်ဖက်တစ်ချက်ရှိ အဖြူရောင်လိုင်းဖြစ်ပြီး အခြား Veneno ၂ စီးမှာမူ အနီရောင်နှင့် အစိမ်းရောင်လိုင်းများ ရေးထိုးထားသည်။ 

 Lamborghini ၏ ကိုယ်ပိုင် Veneno မှာမူ အနီ၊ အဖြူ၊ အစိမ်း ၃ ရောင်ပေါင်းပြီး အီတလီနိုင်ငံအလံသဏ္ဍာန် ဖန်တီးရေးထိုးထားသည်။

Lamborghini အနေဖြင့် Veneno စူပါကား စုစုပေါင်း ၄ စီး ထုတ်လုပ်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ဝယ်ယူသူ ၂ ဦးနှင့် ဒူဘိုင်းမှ မှာယူသူ ၁ ဦးတို့ထံ ရောင်းချခဲ့ပြီး ကျန် ၁ စီးအား ကိုယ်ပိုင်အဖြစ် သတ်မှတ်ထားခဲ့သည်။

0 comments:

Post a Comment

Top