Latest

00:39 AM IOS 7.1 DOWNLOAD

 Motorola Moto G ထွက်ရှိတော့မည်
***********************
အမေရိကန် Motorola ရဲ့  စမတ်ဖုန်းကိုမှ ကြိုက်နှစ်သက်သူများ အတွက် နောက်ထပ် မော်ဒယ် သစ် တစ်ခုကို ရောင်းချတော့မှာ ဖြစ်ပါတယ်။ Moto G လို့အမည်ပေးထားပြီး spec အမြင့်ဖုန်း များကို မှီဖို့ အလားအလာ များတဲ့ ဖုန်း ဖြစ်ပါတယ်။ 

၎.၅ လက်မ အရွယ် AMOLED Display ကို အသုံးပြုထားပြီး 720p အရည်အသွေး ရှိပါတယ်။ 329 ppi ထုတ်နိုင်စွမ်း အရည်အသွေး ဖြစ် ပါတယ်။ Processor  ကတော့ 1.2 GHz quad core Snapdragon ဖြစ် ပါတယ်။  ကင်မရာက 5 Megapixel ရှိပြီး ရှေ့ မှာ 1.3 MP ရှိပါတယ်။ storage က 8 GB ရှိပါတယ်။ Bluetooth 4.0 connection ရှိတာမို့ Connectivity ကောင်းတဲ့ စမတ်ဖုန်းပါပဲ။ ဘက်ထရီက 1959 mAh စွမ်းအင် ရှိပါတယ်။ 

ဒီဇိုင်းကတော့ ထွက်ရှိခဲ့ဖူးတဲ့ Moto X နဲ့ သိပ်မကွာ ပါဘူး။ သို့ပေမယ့် Moto X နဲ့ စာရင် သူက Specification အနည်းငယ် နိမ့်သွား ပါတယ်။ Android 4.3 Jelly Bean OS ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ Andriod 4.4 KitKat ကိုလည်း Upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁၅ နဲ့ ကမ္ဘာ တစ်လွှား ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း သိရ ပါတယ်။.
Ref: pocketlint
Credit: innewsmyanmar

http://www.searchmyanmar.com/click/search

09 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top